Powered By Blogger

Sunday, August 5, 2012

ဓမ္မပဒမြန်မာအင်္ဂလိပ်


ဒါနအကျိုးဆောင်လူငယ်များ: တရားတော်များ

ဒါနအကျိုးဆောင်လူငယ်များ: တရားတော်များ

တရားတော်များဒေါင်းချင်ရင်


http://www.true-donation.com/2012/03/blog-post_6944.html

သင့်ကွန်ပျူတာအတွက်အသုံးတည့်တာတွေဒေါင်းသွားပါ။

သင့်ကွန်ပျူတာအတွက် အသုံးတည့်တာကို ဒေါင်းသွားပါ










မြစ်ကြီဧရာဝတီနှင့်သမိုင်းရှိတဲ့တိုင်းပြည်


ချောင်းငယ်မြောင်းငယ်တခုမှာ
ကြီးကျယ်တဲ့သမိုင်ဆိုတာ မရှိနိုင်ဘူး။
ချောင်းငယ်မြောင်းငယ်တွေဟာ
နှစ်ကရိစ္ဆေဒ အတိုက်စားခံရရင်
လမ်းကြောင်းပြောင်းချင်ပြောင်းမယ်
တိမ်ကောချင်လည်း ကောမယ်။
နှစ်ပေါင်းထောင်သောင်းချီတဲ့
သမိုင်းဖြစ်တည်မှုဟာ
မြစ်ကြီးတခုမှာပဲ  ရှိနိုင်ရဲ့။
မစ္စစ္စစ်ပီဟာ အမေရိကရဲ့သမိုင်း
ဗော်လဂါဟာ ရုရှားရဲ့သမိုင်း
ဂင်္ဂါဟာ အိန္ဒိယပြည်ရဲ့သမိုင်း
ယန်စီဟာ တရုတ်ပြည်ရဲ့သမိုင်း
ထို့အတူပဲ
ဧရာဝတီဟာလည်း
ငါတို့မြန်မာပြည်ရဲ့သမိုင်းပဲဖြစ်ရဲ့။
ကမ္ဘာ့နိုင်ငံတိုင်းရှိရှိသမျှ
မြစ်ကြီးတခုစီ ပိုင်နိုင်ကြတာ
မဟုတ်ပါဘူး။
သင့်ကိုပိုင်ဆိုင်ခဲ့ရခြင်းအတွက်
ဂုဏ်ယူမိပါရဲ့
ဧရာဝတီ …။
သင့် ခမ်းနားခဲ့တဲ့ ရာဇဝင်များအတွက်
အလေးပြုမိပါရဲ့
ဧရာဝတီ …။
သင့်ပြည်သူတွေစားဝတ်နေရေး
အတိုင်းအဆမရှိ ပေးဆပ်ခဲ့ခြင်းအတွက်
ကျေးဇူးတင်မိပါရဲ့
ဧရာဝတီ။
တရားအပြည့်နဲ့သင့်ရေစီးသံမှာ
ငါတို့အတွက် အချက်ပေးစကား
ငါကြားနေမိ …။
ကောင်းမြတ်ခဲ့တဲ့ သင့်အစဉ်အလာ
ငါတို့ခေတ်မှ ရိုင်းရမှာလား
စွမ်းအားမြှင့်ကာ ရုန်းထကြဖို့
နှိုးဆွနေဟန် သင့်တေးသံအား
ငါကြားနေမိ …။
သင်ပေးလိုတဲ့ သတင်းစကားကို
(ဒီကဗျာရေးခြင်းအားဖြင့်)
တဆင့်ပါးလိုက်ပါပြီ
ဧရာဝတီ …။
မိုး သစ် ဝေ
ပိတောက်ပွင့်သစ် စာပေ၊ အနုပညာမဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁

အလှည့်အပြောင်းကိုနားလည်နိုင်ပါစေ

တရုတ်ဖက်က ခိုးပြီး မြစ်ဆုံဆည် တည်ဆောက်ရေးကို ဆက်လုပ်နေတယ်လို့ သတင်းတွေ ထွက်လာပါတယ်။ တရုတ် လူမျိုး ကျွမ်းကျင်သူ ၅ဝဝ လောက်ကိုလည်း ဆည်တည်ဆောက်နေတဲ့ နေရာမှာ သွားရောက် အလုပ်လုပ်ကိုင်ဖို့လည်း အာဏာပိုင်တွေကို တောင်းဆိုနေတယ် ဆိုတာလည်း ကြားရပါတယ်။
ဘယ်လိုဖြစ်နေကြတာလဲ ဗျာတို့။ သမတ ဦးသိန်းစိန် ကိုယ်တိုင်က မြစ်ဆုံဆည်တည်ဆောက်ရေး လုပ်ငန်းကို ဒီအစိုးရ သက်တမ်းအတွင်းမှာ ရပ်ဆိုင်းထားမယ်လို့ လူသိရှင်ကြားရော ကမ္ဘာသိပါ အမိန့်ထုတ်ထားပြီးသားပဲ မဟုတ်လား။ ဒီ အမိန့်ကို ဘယ်သူတွေက လွန်ဆန်ဖို့ ကြိုးစားနေတာလဲ။ သမတ အမိန့်ကိုတောင် လွန်ဆန်ဖို့ လုပ်လာတယ်ဆိုတော့ မဟုတ်မှလွဲရော နောက်ကွယ်ကနေ ရလာမယ့် အကျိုးအမြတ်က သက်ဆိုင်သူတွေအတွက် အတော်ကို ကြီးမားလို့ ဖြစ် ရမယ် ဆိုတာကတော့ မှန်းလို့ရနေပါတယ်။ ကျနော်တို့ တိုင်းပြည်မှာ သဘာဝ သယံဇာတကို ရောင်းစားပြီး မီလျှံနာ ဖြစ် နေတဲ့ လူတွေကို ရေတွက်ကြည့်မယ်ဆိုရင် အတော်လေးများပါတယ်။ မြန်မာနိုင်ငံကနေ ထုတ်ကုန်တခုခု၊ ကုန်ချောတခု ခု ထုတ်လုပ်ပြီး နိုင်ငံခြားဈေးကွက်မှာ တင်သွင်းရောင်းချနိုင်လို့ ချမ်းသာတဲ့သူက ဘယ်နှစ်ဦးရှိမလဲ။ ကျနော် သုတေသီ တဦး မဟုတ်ပေမယ့် ပြောရဲပါတယ်။ အခုအထိ တယောက်မှ မရှိသေးပါဘူး။
မြစ်ဆုံဆည် တည်ဆောက်ရေးကို ဆက်လုပ်မယ် ဆိုရင်တော့ မကြာခင်အတွင်း မြန်မာနိုင်ငံမှာ အမျိုးသားရေးလက္ခဏာ အသွင်နဲ့ လူထုလှုပ်ရှားမှုတွေ ပေါ်လာလိမ့်မယ်လို့ ဟောစာတမ်း ထုတ်လိုပါတယ်။ လူထုလှုပ်ရှားမှုတွေကနေ ဆက်ပြီး အားကောင်းလာမယ်ဆိုရင် လူထုအုံကြွမှုအထိ ဖြစ်လာပါလိမ့်မယ်။
လူထုအုံကြွလာပြီဆိုရင် နောက်ဆက်တွဲ ဖြစ်လေ့ ဖြစ်ထရှိတာက နိုင်ငံရေးအရ တောင်းဆိုမှုတွေပါ ကပ်ပါလာလေ့ ရှိ တယ် ဆိုတာကို လက်ရှိအစိုးရအနေနဲ့ သဘောပေါက်ဖို့ လိုပါတယ်။ လောင်တဲ့မီးဟာ ကိုယ်မွှေးခဲ့တဲ့မီး ဆိုတာကို သတိ ပြုဖို့ လိုပါတယ်။ ဒါဟာ အတိုက်ခံ နိုင်ငံရေးအုပ်စုတွေ သွေးထိုးလို့ မဟုတ်ပါဖူး။ ဧရာဝတီဆိုတာ ကျနော်တို့ နိုင်ငံရဲ့ ကိုယ် ပိုင်မြစ်ကြီး ဖြစ်ပါတယ်။ ကိုယ့်နိုင်ငံအတွင်းမှာ မြစ်ဖျားခံပြီး ပင်လယ်ထဲ စီးဝင်ပါတယ်။ သံလွင်တို့ မဲခေါင်မြစ်တို့လို တ ရုတ်ပြည်ဖက်မှာ မြစ်ဖျားခံလာတဲ့ မြစ်မျိုး မဟုတ်ပါ။ ဧရာဝတီပျက်စီးမှာကို ဘယ်နိုင်ငံသားကမှ လိုလားမှာ မဟုတ်ပါဘူး။ ဘာကြောင့်လဲဆိုတော့ ဧရာဝတီမှာ အမျိုးသား လက္ခဏာရပ်တွေ အမြောက်အများ ပါဝင်နေလို့ပါပဲ။ လူအဖွဲ့အစည်း တခု ရုန်းကန်လှုပ်ရှားခဲ့တဲ့ သမိုင်းကြောင်း၊ ဖြစ်တည်လာတဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံ၊ မီတင်းနေရတဲ့ စိုက်ပျိုးရေးနဲ့အတူ တခြားသော အသက်မွေးဝမ်းကြောင်းများ အစရှိတဲ့ ကိစ္စရပ်တွေအပြင် အခြားသော အကြောင်းအရင်းများလည်း ရှိနေပါ သေးတယ်။ အထူးသဖြင့်ကတော့ မြစ်ကြီးကောသွားမှာကို အားလုံးက စိုးရိမ်ကြပါတယ်။ မြစ်ကြီးကောသွားရင် အထက် က ပြောခဲ့တဲ့ လက္ခဏာတွေ ပျောက်ကွယ်သွားတော့မှာကိုး။
ရေရှည်မှာ တိုင်းပြည်အတွက် ဆိုးကျိုးကို ဖြစ်ပေါ်စေမယ်ဆိုတာ သိသိကြီးနဲ့ မိခင်နိုင်ငံရဲ့ သဘာဝအရင်းအမြစ်တွေကို လက်လွတ်စပယ် အသုံးပြု၊ ရောင်းစားနေတာတွေကို နိုင်ငံသားတွေ အားလုံးက ဆန့်ကျင်ကြပါလိမ့်မယ်။ နောင်တချိန် မှာလည်း သဘာဝ အရင်းအမြစ်ကြောင့် မတော်မတရား ချမ်းသာလာခဲ့တဲ့ သူတွေကို နိုင်ငံသားတွေက ဒဏ်ခတ်ဖို့ တောင်းဆို လာပါလိမ့်မယ်။ ငါတို့မှာ အာဏာရှိတယ်၊ သင်းတို့ ဘာလုပ်နိုင်မှာလဲ ဆိုတဲ့အမြင်နဲ့ ချဉ်းကပ်မယ်ဆိုရင်တော့ ဝက်ဝက်ကွဲ၊ ပြဲပြဲလန်အောင် မှားလိမ့်မယ်လို့ ထောက်ပြလိုပါတယ်။ နိုင်ငံရေးဆိုတာ ကြွေတလက် ကြက်တခုန်ပါ။ နောင် လာမယ့် ဆယ်နှစ် အနှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်လာမယ့်အပြောင်းအလဲတွေကို အခုနေအခါမှာ မြင်ကြမှာ မဟုတ်ပါဘူး။ လောဘဇောက ကပ်နေကြတာကိုး။
ဖိလစ်ပိုင်က မားကို့စ်၊ ပီရူးက ဖူဂျီမိုရီ၊ ချီလီက ဗိုလ်ချုပ်ကြီး ပီနိုရှေး သူတို့အားလုံးဟာ သူတို့ လုပ်ခဲ့တာတွေ ပြုမူခဲ့တာ တွေအတွက် ပြန်ပြီးပေးဆပ်ခဲ့ရပါတယ်။ မားကို့စ်ဆိုရင် ဆွစ်ဇာလန်က ဘဏ်တွေမှာ သူအပ်ထားတဲ့ ငွေတွေကို ဘယ် သူမှ ထိလို့ကိုင်လို့ မရဘူးလို့ ထင်ခဲ့မိတာပါ။ သို့သော်လည်း သူသေပြီး နှစ်အတော်ကြာမှာ ဒေါ်လာသန်းပေါင်း ရာနဲ့ချီ ရှိတဲ့ အဲသည့် အပ်ထားတဲ့ငွေတွေကို ဆွစ်ဇာလန်က ဘဏ်တွေက ဖိလစ်ပိုင်ပြည်သူတွေအတွက် ပြန်လည်လွဲအပ်ပေးခဲ့ ရပါတယ်။ ဖူဂျီမိုရီကတော့ ဂျပန်ကို ထွက်ပြေးခိုလှုံပေမယ့် နောက်ပိုင်းမှာ ဂျပန်ကပြန်အပ်လို့ ပီရူးကို ပြန်အပို့ခံရပြီး သူ လုပ်ခဲ့တာတွေအတွက် ထောင်နန်းစံပြီး ပေးဆပ်နေရပါတယ်။ ဗိုလ်ချုပ်ကြီး ပီနိုရှေးလည်း အိုကြီးအိုမ အသက်အရွယ် ကျမှ တိုင်းပြည်ကပေးတဲ့ ပစ်ဒဏ်ကို ခံခဲ့ရပါတယ်။
မြန်မာပြည်က အာဏာရှင်တွေနဲ့ သူတို့ရဲ့ စီးပွားဖက်တွေလည်း ဒါတွေကို နမူနာယူ သင်ခန်းစာယူပြီး အသိညဏ်ရှိရှိနဲ့ နေတတ်၊ ထိုင်တတ်၊ လုပ်တတ်ဖို့ လိုနေပါပြီ။ အခုချမ်းသာ ကြွယ်ဝနေတဲ့ ဗိုလ်ချုပ်များ၊ လုပ်ငန်းပေါင်းများစွာကို ပိုင်ဆိုင် ထားတဲ့ သူတို့ရဲ့ သားသမီးများ၊ ထိုသူတွေ အားလုံးနဲ့ပေါင်းပြီး ကျိကျိတက် ချမ်းသာနေတဲ့ ခရိုနီတွေများလည်း တိုင်းပြည် ကောင်းရာ ကောင်းကျိုးအတွက် ဘာတွေပြန်လုပ်ပေးမလဲဆိုတာ စဉ်းစားဖို့လိုနေပါတယ်။ အသက်အရွယ်လွန်နေတဲ့ ဗိုလ်ချုပ်တချို့အတွက်တော့ သူတို့ရဲ့ သက်တန်းအတွင်းမှာ မားကို့စ်တို့၊ ပီနိုရှေးတို့၊ ဖူဂျီမိုရီတို့လို အဖြစ်မျိုး ရင်ဆိုင် ကောင်းမှ ရင်ဆိုင်နိုင်ရမှာ ဖြစ်ပေမယ့် သူတို့ရဲ့ သားသမီးများနဲ့ ခရိုနီတွေက အများစုဟာ အရွယ်ကောင်းတွေ ဖြစ်ပါ တယ်။ နောင်လာမယ့် ဆယ်နှစ် အနှစ်နှစ်ဆယ်မှာ သူတို့ဟာ အရွယ်အားဖြင့် ၆ဝ၊ ၆၅၊ ၇ဝ အရွယ်တွေ ဖြစ်လာပါလိမ့် မယ်။ အဲသည့် အချိန်ကြမှ နိုင်ငံရေး အပြောင်းအလဲတွေကြောင့် ဘာဖြစ်လိမ့်မယ်ဆိုတာ ဘယ်သူမှ မသိနိုင်ပါဘူး။ လုံ ခြုံတယ်လို့ သူတို့ထင်နေတဲ့ သူတို့ရဲ့ ငွေမဲတွေကို အပ်နှံထားတဲ့ နိုင်ငံခြားဘဏ်တွေဟာ (အနောက်နိုင်ငံ၊ အာရှနဲ့ အရှေ့ အလယ်ပိုင်းက ဘဏ်တချို့) နောင်နှစ်အတော်အကြာမှာ ကမ္ဘာ့နိုင်ငံရေး အပြောင်းအလဲကြောင့် သူတို့ငွေတွေကို ထုတ် မပေးတော့ဘဲ ထိန်းချုပ်တာမျိုး ဖြစ်လာနိုင်ပါတယ်။ နိုင်ငံရေး အပြောင်းအလဲတွေကလည်းဖြစ် သက်ဆိုင်ရာ တိုင်းပြည် က အစိုးရကလည်း အထောက်အထားနဲ့တကွ ခိုင်ခိုင်လုံလုံ တောင်းဆိုလာရင် ဘဏ်တွေဟာ အဲသည့်ငွေတွေကို သက် ဆိုင်ရာ တိုင်းပြည်ကို ပြန်လည်အပ်နှံရပါတယ်။
နိုင်ငံရေးအပြောင်းအလဲတခု ဘယ်လို ဖြစ်ထွန်းပြောင်းလဲလိမ့်မလဲ။ ဘယ်သူမှ တပ်အပ်မသိပါ။ ငါ့ရဲ့ နေပြည်တော်ဟာ ကမ္ဘာကြီးရဲ့ အလယ်ဗဟိုမှာ တည်ရှိတယ်လို့ ထင်နေတဲ့၊ ငါဟာ မင်းတကာက ခန့်ငြားပြီး ဘုန်းကြီးတယ်လို့ ထင်နေတဲ့ မြန်မာဘုရင်တွေ ကမ္ဘာ့နိုင်ငံရေးအပြောင်းအလဲကြားမှာ ဇတ်သိမ်း မကောင်းခဲ့ပါ။ အင်္ဂလိပ်တွေဟာ မြန်မာအပါအဝင် ကိုလိုနီတွေကို နောက်ထပ် နှစ်ပေါင်းတရာနှစ်ရာ အုပ်ချုပ်ပြီး အမြတ်ထုတ်ခွင့် ရဦးမယ်လို့ ထင်ခဲ့ပါတယ်။ သို့သော် ဒုတိ ယ ကမ္ဘာစစ်နဲ့ အတူတူ အဲသည့်ထင်ကြေးဟာ ပြောင်းလဲ့ခဲ့ရပါတယ်။ ဒုတိယကမ္ဘာစစ် ဖြစ်ရခြင်းကလည်း သူတို့လို အ ရင်းရှင် အချင်းချင်း လောဘဇောတိုက် ပြဿနာပေါ်ရာကနေ စတင်တာပါ။ ကိုလိုနီအုပ်ချုပ်ခံ ဒေသကလူတွေ လှုံ့ဆော် လို့ သူတို့အချင်းချင်းကြား စစ်ဖြစ်ရတာ မဟုတ်ပါ။ တခါ ဦးနေဝင်းလည်း သူ့တသက်မှာ အေးအေးချမ်းချမ်း အုပ်ချုပ်ရပြီ နေရပြီလို့ ထင်ထားတာ အိုကြီးအိုမကြမှ ဇာတ်သိမ်း မကောင်းပါ။ အဲသလိုပါဘဲ တချိန်က တန်ခိုးထက်ခဲ့တဲ့ ဗိုလ်ချုပ် ခင်ညွှန့်လည်း အလားတူ ကြုံခဲ့ရတယ် မဟုတ်ပါလား။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ဘယ်လိုဘယ်ပုံ သူရဲ့ နောက်ဆုံး နေ့ တွေကို ဖြတ်သန်းမလဲ ဆိုတာကလည်း စောင့်ကြည့်ရဦးမှာပါ။
မြန်မာနိုင်ငံက သဘာဝအရင်းအမြစ်တွေကို ရောင်းစားပြီး အလွန်အမင်း ချမ်းသာနေသူတွေ အနေနဲ့ ငါ့အလှည့်တော့ အဲသလို ဖြစ်လိမ့်မယ် မဟုတ်ဘူးလို့ တွက်နေရင် မှားပါလိမ့်မယ်။ အနာဂတ်ဆိုတာ ဘာဖြစ်မယ်ဆိုတာ ဘယ်သူမှ တိတိ ကျကျ မသိပါ။ ဗေဒင်ဆရာနဲ့ အကြားအမြင်ဆရာလည်း မဟောနိုင်ပါ။ အဲတာကြောင့် အချိန်မနှောင်းခင်မှာ တိုင်းပြည် အတွက် နိုင်ငံသားတွေအတွက် ပြန်လည်ပေးဆပ်ဖို့ ပြန်လည်ကျေးဇူးဆပ်ဖို့ နားလည်သင့်တယ်လို့ ထောက်ပြလိုရင်း ဖြစ်ပါတယ်။ အဲသလို နားလည်တယ်ဆိုရင် ထပ်ပြီးပြောလိုတာက တိုင်းပြည်ရဲ့ အရင်းအမြစ်တွေကို ထိမ်းသိမ်းဖို့ လက် လွတ်စပယ် မလုပ်ဖို့ လိုတယ်ဆိုတာကိုလည်း တဆက်ထဲ သဘောပေါက်ဖို့ လိုပါကြောင်း။ရွက်မွန် ဘလော့ခ်မှ ကူးယူဖေါ်ပြပါသည်

ပြည်တွင်းသတင်းဂျာနယ်များ

President-office

စားကျက်မြေများ၊အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ

စားကျက်မြေများ၊အင်းများနှင့် သင်္ချိုင်းမြေကိုပါ စတီးလ်စတုန်းကုမ္မဏီမှသိမ်းယူ
ဤအခန်းတွင်ပြဆိုထားသော သမထ၀ိပဿနာရူပွားနည်းအတိုင်း ကြိုးစားအားထုတ်ပါက အားထုတ်မူနှင့်လျော်ညီစွာ သက်ဆိုင်ရာတရားထူးများကို ရရှိခံစားရမည်ဖြစ်သည်။ သို့ရာတွင် လက်ရှိဘ၀၌ မည်မျှပင် ကြိုးစားအားထုတ်စေကာမူ ဈာန်မဂ်ဖိုလ်ရရေးအတွက် လုံးဝမျှော်လင့်ချက်မရှိသော ပုဂ္ဂိုလ်များလည်း ရှိနေသေးသည်၊ ထိုပုဂ္ဂိုလ်များမှာ -

(၁) ကံကြီးထိုက်သူ (ကမ္မန္တရာယ်)၊
(၂) နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ (ကိလေသန္တရာယ်)
(၃) အဟိတ်ပဋိသန္ဓေနေသူနှင့် ဒွိဟိတ်ပဋိသန္ဓေနေသူ (၀ိပါကန္တရာယ်)၊
(၄) အရိယာကို ကဲ့ရဲ့စွပ်စွဲသူ (အရိယူပ၀ါဒန္တရာယ်)၊
(၅) မြတ်စွာဘုရားပညတ်ထားသော သိက္ခာပုဒ်များကို ကျူးလွန်သူ (အာဏာဝီတိက္ကမန္တရာယ်) - တို့ဖြစ်သည်။

(၁) ဤ၌ မာတုဃာတကစသော ကံကြီး(၅)ပါးနှင့် ဘိက္ခုနီမကို ကာမကျူးလွန်ဖျက်ဆီးမူ ကံများသည် အလွန်ကြီးလေးသော အကုသိုလ်ကံများဖြစ်ကြ၏၊ ထိုအကုသိုလ်ကံများသည် ကျူးလွန်သူများကို ဈာန်၊ မဂ်၊ ဖိုလ်တရားထူးများ မရရှိအောင် အနှောင့်အယှက်(အန္တရာယ်) ပြုတတ်သည်။ ထိုကံများအနက် တမျိုးမျိုးကို ကျူးလွန်သူသည် ကမ္မဋ္ဌာန်းတရားကို အားထုတ်သော်လည်း ဈာန် မဂ် ဖိုလ်တရားထူးများကို မရရှိနိုင်ချေ။ အထူးအားဖြင့် အာနန္တရိယ ကံကြီးထိုက်သူသည် ဈာန် မဂ်ဖိုလ်တရားထူး မရရှိရုံသာမက နောက်ဘ၀၌ အဆင့်မြင့်(သုဂတိ) ဘုံဘ၀သို့လည်း ရောက်ခွင့်မရှိ၊ အပါယ်ငရဲသို့သာ ဧကန်ကျရောက် ရမည်ဖြစ်၏၊ ဘိက္ခုနိမကို ကာမကျူးလွန်သူကား ဈာန် မဂ် ဖိုလ်တရားထူးများကို မရနိုင်သော်လည်း ယခုဘ၀၌ ကောင်းမွန်စွာ ကျင့်ကြံနေထိုင်ပါက သုဂတိဘုံ ဘ၀များသို့ ရောက်ရှိနိုင်ပေသည်။ [ယခုအခါ မြတ်စွာဘုရား သက်တော်ထင်ရှား မရှိတော့သဖြင့်လည်းကေင်း၊ ဘိက္ခုနီမများလည်း မရှိတော့သဖြင့်လည်းကောင်း မြတ်စွာဘုရားကို သွေးစိမ်းတည်အောင်ပြုသော (လောဟိတုပ္ပါဒက) ကံနှင့် ဘိက္ခုနီမကို ကာမကျူးလွန်သော (ဘိက္ခုနီ ဒူသက) ကံများ သင့်ရောက်ဖွယ် မရှိတော့ချေ။]

(၂) နိယတမိစ္ဆာဒိဟူသည် ကိလေသာ ဆယ်ပါးတွင် ပါဝင်သော ဒိဋ္ဌိပင် ဖြစ်၏၊ အဇိတ၊ မက္ခလိဂေါသာလ၊ ပူရဏကဿပ ဆရာကြီးများ၏ အယူဝါဒများသည် မြတ်စွာဘုရားရှင်တို့ ချေချွတ်၍ မရလောက်အောင် ခိုင်မြဲသောကြောင့် နိယတ မိစ္ဆာဒိဋ္ဌိများပင်ဖြစ်သည်။

ထိုဆရာကြီးသုံးယောက်အနက် အဇိတမည်သော ဆရာကြီးက နောက်ဘ၀မရှိ၊ သေလျှင် ဘ၀ပြတ်၏ (ဥစ္ဆေဒအယူ)၊ ကောင်းမူ မကောင်းမူ ပြုလုပ်ခြင်းအတွက် ကောင်းကျိုး ဆိုးပြစ်မရှိ(နတ္ထိကအယူ) စသည်ဖြင့် အယူရှိ၏၊ မက္ခလိဂေါသာလသည် အကြောင်းအကျိုးနှစ်ပါးလုံးကို ပယ်သော(အဟေတုက) အယူရှိသူဖြစ်၏၊ ပူရဏကဿပသည်ကား ကောင်းကံ မကောင်းကံများကို ပြုလုပ်သော်လည်း ပြုလုပ်ရာမရောက် စသည်ဖြင့် အကြောင်းကံကို ပယ်သော(အကိရိယ) အယူရှိသူဖြစ်၏။ အချုပ်အားဖြင့် ထိုပုဂ္ဂိုလ်ကြီးတို့၏ အယူဝါဒသုံးမျိုးလုံးသည် ကံနှင့် ကံ၏အကျိုးကို ပယ်သော ၀ါဒများပင်ဖြစ်ကြသည်။

ထိုဆရာကြီးတို့၏ အယူဝါဒများကို တော်ရုံသင့်ရုံ ယူဆနေရုံမျှဖြင့် နိယတမိစ္ဆာဒိဋ္ဌိ မဖြစ်နိုင်သော်လည်း လေးလေးနက်နက် လက်ခံယုံကြည်ခြင်း၊ ကြံစည်တွေးခေါ်ခြင်း၊ အထပ်ထပ် လေ့လာအားထုတ်ခြင်း ပြုသဖြင့် နောက်ဆုံး၌ အခိုင်အမာ စွဲမြဲစွာ အတည်ပြုဆုံးဖြတ်ချက်ချလိုက်မိသည်နှင့် တပြိုင်နက် နိယတမိစ္ဆာဒိဋ္ဌိအယူရှိသူ ဖြစ်လေတော့၏။ တနည်းဆိုရလျှင် ထိုအယူဝါဒကို လက်ခံကျင့်သုံးသူသည် သေလွန်သည့်အခါ အပါယ်ငရဲ၌ မလွဲမုချ ကျရောက်ရလေ၏၊ ထိုသို့ငရဲ၌ အကျိုးပေးမြဲသောကြောင့်လည်း ဖော်ပြပါ အယူကို နိယတမိစ္ဆာဒိဋ္ဌိဟု ခေါ်လေသည်။ ထို နိယတမိစ္ဆာဒိဋ္ဌိအယူသည် ဈာန် မဂ် ဖိုလ် နိဗ္ဗာန် မရအောင် တားဆီးပိတ်ပင်တတ်၏၊ သို့ဖြစ်၍ ယင်းအယူဝါဒသည် ကိလေသန္တရာယ် ဖြစ်သည်။

ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူသည် ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေလွန်သည့်အခါ အ၀ီစိငရဲသို့ ကျရောက်ပြီး ထိုအ၀ီစိငရဲ သက်တမ်းနှင့်အမျှ ဆင်းရဲဒုက္ခများကို ခံစားရလေသည်။ ဤကံသည် အာနန္တရိယကံကြီးငါးပါးတွင် အပြစ်အကြီးလေးဆုံးဖြစ်သော သံဃဘေဒက ကံကြီးထက်ပင်ပိုမို အပြစ်ကြီးလေး၏။ အကယ်၍ ကမ္ဘာပျက်ခဲ့လျှင် ကမ္ဘာပေါ်ရှိ သတ္တ၀ါမှန်သမျှသည် ဗြဟ္မာ့ဘုံသို့ ရောက်ရှိနေထိုင်ကြရ၏၊ ထို နိယတမိစ္ဆာဒိဋ္ဌိ အယူရှိသူမှာမူ ကမ္ဘာနှင့်တကွ ယင်းကျရောက်နေသည့် မဟာအ၀ီစိငရဲကြီးပါ ပျက်စီးသွားသော်လည်း ကျွတ်လွတ်ခွင့်မရဘဲ ပျက်စီးသော ကမ္ဘာကြီး၏ အပြင်ဘက်ရှိ ကမ္ဘာပျက်ဘေးလွတ်ရာ စကြ၀ဠာတစ်နေရာသို့ ပြောင်းရွေ့လျက် ဆင်းရဲဒုက္ခကို ဆက်လက်ခံစားရလေသည်။

(၃) အဟိတ်ပဋိသန္ဓေ ၀ိပါက်စိတ်နှင့် ဒွိဟိတ် ပဋိသန္ဓေ၀ိပါက်စိတ်များသည်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရရှိအောင် အန္တရာယ်ပြုတတ်၏။ “မျိုးစေ့မမှန် ပင်မသန်၊ ဖူးတံ ငုံကင်း အသီးဖျင်း၏”ဟု ဆိုရိုးစကားရှိသည့်အတိုင်း ထိုစိတ်များနှင့် ပဋိသန္ဓေတည်နေခဲ့သူများသည်လည်း ပင်ကိုယ်ပဋိသန္ဓေ မျိုးစေ့ကညံ့သည့်အတွက် လက်ရှိဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးရရှိရေးအတွက် လုံးဝ မျှော်လင့်ချက်မရှိကြပေ။ သို့သော ဤဘ၀၌ သမထ၀ိပဿနာ တရားများကို ကျင့်ကြံပါမူကား နောက်ဘ၀၌ အဆင့်မြင့်ဘုံဘ၀များသို့ ရောက်ရှိပြီး ထိုဘုံဘ၀၌ တရားထူးများကို ကျင့်ကြံရရှိနိုင်ကြပေသည်။

(၄) ယုတ်မာပြစ်မှားလိုသော စိတ်မျိုးဖြင့် အရိယာမှန်းသိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ အရိယာပုဂ္ဂိုလ်အား မဟုတ်မတရား စွပ်စွဲကဲ့ရဲ့လျှင်လည်း ထိုသို့ ကဲ့ရဲ့သည့်အပြစ်က ဈာန် မဂ် ဖိုလ်တရားထူးများ မရရှိအောင် အန္တရာယ်ပြုတတ်သည်။ ထိုအပြစ်ကို အရိယူပ၀ါဒန္တရာယ်ဟုခေါ်၏။ ဤ ကံကား ဈာန် မဂ် ဖိုလ် ကိုသာမက သုဂတိဘုံဘ၀ကို မရရှိအောင်လည်း အန္တရာယ်ပြုတတ်သည်။ အရိယာမဟုတ်သော်လည်း ကောင်းမွန်စွာ ကျင့်ကြံနေထိုင်သော သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိလျှင်လည်း အရိယာကို ပြစ်မှားသော ကံ နီးပါး အပြစ်ကြီးလေးလှသည်။ သို့ဖြစ်၍ အရိယာပုဂ္ဂိုလ်နှင့် သီလ၀န္တပုဂ္ဂိုလ်များအား မပြစ်မှားမိစေရန် အထူးသတိရှိအပ်ပေသည်။ ဤသို့ အရိယာပုဂ္ဂိုလ်၊ သီလ၀န္တပုဂ္ဂိုလ်များကို ပြစ်မှားမိသူသည် မိမိပြစ်မှားခဲ့သည့် ပုဂ္ဂိုလ်ထံ တိုက်ရိုက်ဖြစ်စေ၊ ထိုပြစ်မှားမိသည့် ပုဂ္ဂိုလ် သေဆုံးသွားလျှင် ထိုသူအား ရည်မှတ်၍ဖြစ်စေ သွားရောက် ၀န်ချတောင်းပန်ပါက အပြစ်ကင်းလွတ်ပြီး ဈာန် မဂ် ဖိုလ်တရားထူးများကိုလည်း ရခွင့်ရှိပေသည်။

(၅) မြတ်စွာဘုရားရှင်သည် ရဟန်းယောက်ျားနှင့် ရဟန်းမိန်းမများ လိုက်နာကျင့်သုံးရန်အတွက် သိက္ခာပုဒ်(၀ိနည်းဥပဒေ) များကို သတ်မှတ်ပြဋ္ဌာန်းထား၏။ ထိုသိက္ခာပုဒ်များကို တမင်လွန်ကျူးလိုစိတ်ဖြင့် လွန်ကျူးခြင်းသည် မြတ်စွာဘုရား၏ အာဏာ(အာဏာပါတိမောက်) တော်ကို ပစ်ပယ်ရာရောက်၏။ ထိုသို့ လွန်ကျူးခြင်းကြောင့် ၀ိနည်းအပြင်(အာပတ်)သင့်သည်။ ထိုအာပတ်များကို အလေးအပေါ့(ဂရုကလဟုက) အာပတ်အလိုကိ ငြိမ်အောင် မကုစားသမျှ ကာလပတ်လုံ သမထ ၀ိပဿနာ တရားများကို ကြိုးစားအားထုတ်သော်လည်း ဈာန် မဂ် ဖိုလ် တရားထူးများကို မရနိုင်သည့်အပြင် သေဆုံးသောအခါ၌လည်း သုဂတိဘုံဘ၀များကို ရရှိနိုင်မည်မဟုတ်၊ အာပတ်တန်းလန်းနှင့် သေဆုံးသွားပါက အပါယ်သို့ မုချကျရောက်ရမည်ဖြစ်၏။

ဖော်ပြပါ အန္တရာယ်(၅)မျိုးသည် ပစ္စုပ္ပန်ဘ၀၌ ဈာန် မဂ် ဖိုလ် တရားထူးများနှင့် တမလွန်ဘ၀၌ သုဂတိဘုံဘ၀များကို မရနိုင်အောင် တားဆီးနှောင့်ယှက်တတ်သဖြင့် လောကီ လောကုတ္တရာ ချမ်းသာသုခများ ဆုံးရူံးနစ်နာရ၏၊ သို့ဖြစ်၍ ထိုအန္တရာယ်(၅)မျိုးမှ ကင်းလွတ်အောင် အထူးပင် ကြိုးစားရှောင်ရှားသင့်ကြသည်။ ထိုအန္တရာယ်များမှ ရှောင်ရှားနိုင်ရေးမှာလည်း ဗုဒ္ဓဘာသာဝင်တို့၏ ကြည်လင်သော အသိအမြင်မျိုးရှိမှသာ ဖြစ်နိုင်မည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင် ဖြစ်ရခြင်းသည် အလွန်တန်ဖိုးရှိသော ဘ၀ရတနာကို ပိုင်ဆိုင်ရရှိနိုင်ခြင်းပင် ဖြစ်ပေသည်။

ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာတရားတော်စာအုပ်မှ ထုတ်နူတ်ဖော်ပြသည်။

ဘာသာရေး(website&download)များ

http://www.new.mogokdhamma.com/

http://www.mogok.co.uk/

http://dhammadownload.com/

မေတ္တာသုတ်(မြန်မာပြန်)

၁။ယဿာနုဘာဝတော ယက္ခာ၊
နေ၀ ဒေဿန္တိ ဘီသနံ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော၊
ရတ္တိန္ဒိဝ မတန္ဒိတော။
 
မေတ္တသုတ်ပရိတ်တော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် ကြမ်းတမ်းခက်ထန်သော ဘီလူး သရဲစသော နာနာဘာဝတို့သည် မခြောက်လှန့်နိုင်ကြကုန်၊ ယင်းသုတ်ကို နေ့ညမပြတ် ရွတ်ဖတ်သရဇ္ဈာယ်သောသူသည်
၂။ သုခံ သုပတိ သုတ္တော စ၊
ပါပံ ကိဉ္စိ န ပဿတိ။
ဧ၀မာဒိ ဂုဏူပေတံ။
ပရိတ္တံ တံ ဘဏာမ ဟေ။
ချမ်းသာစွာ အိပ်ပျော်ခြင်း၊ အိပ်နေစဉ်လည်း အိပ်မက်ဆိုးများ မမြင်မက်ခြင်းစသော အကျိုးဂုဏ်များရှိသောကြောင့် - အို သူတော်ကောင်းအပေါင်းတို့ ငါတို့ ရွတ်ဆိုကြပါစို့…
 ၃။ကရဏီယ မတ္ထကုသလေန၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ။
သက္ကော ဥဇူ စ သုဟုဇူ စ၊
သုဝစော စဿ မုဒု အနတိမာနိ၊
အကျိုးစီးပွားလိုလား၍ လိမ္မာကျွမ်းကျင်သောအမျိုးကောင်းသား၊ အမျိုးကောင်းသမီးတို့သည် ငြိမ်သက်အေးချမ်းသော နိဗ္ဗာန်၏ ဂုဏ်တို့ကို အာရုံပြုကာ ယခုကဲ့သို့မေတ္တာပွားမှုကို ပြုသင့်ပါပေ၏၊ ထိုသို့ မေတ္တာပွားလိုသူသည် တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊ ကိုယ်စိတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်၏၊ အလွန် ရိုးဖြောင့်သူ ဖြစ်သင့်၏၊ ဆုံးမလွယ်သူ၊ သူတပါး၏စကားကို နာခံလွယ်သူဖြစ်ပြီး ကိုယ်နှုတ်နှလုံး သိမ်မွေ့ကာ ကိုယ့်ကိုယ်ကို အထင်ကြီးခြင်းမာန်မာနလဲ မထားသင့်ပေ။

၎။ သန္တုဿကော စ သုဘရော စ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ။
သန္တိန္ဒြိယော စ နိပကော စ၊
အပ္ပဂဗ္ဘော ကုလေသွ န နုဂိဒ္ဓေါ။
စားသောက်စရာ၊ နေစရာအရာရာတို့တွင် ရှိသမျှဖြင့် တင်းတိမ်ရောင့်ရဲလွယ်သူ ဖြစ်သင့်၏၊ ကိုယ့်ဝမ်းတခါးအတွက် လွယ်လင့်တကူပေါ့ပါးစွာ အသက်မွေးနိုင်သူလည်း ဖြစ်သင့်၏၊ အပိုဗာဟိရ ကိစ္စ နည်းပါးနိုင်သလောက် ကျင့်သုံးသင့်၏၊  စိတ်သွားတိုင်းကိုယ်ပါနေသကဲ့သို့ ဖြစ်သင့်၏၊ ထို့ပြင်သာမက မျက်စိ၊ နားစသော ဣနြေ္ဒငါးပါးကို ထိန်းသိမ်းသူ၊ တည်ငြိမ်ရင့်ကျက်သူ၊ ဥာဏ်ပညာဖြင့် ချင့်ချိန်နိုင်သူလည်း ဖြစ်သင့်၏၊ ကိုယ့်နင့်ဆက်စပ်သော သူအားလုံးတို့အပေါ်၌ တွယ်တာမနေသင့်ပေ။

၅။န စ ခုဒ္ဒ မာစရေ ကိဉ္စိ၊
ယေန ၀ိညူ ပရေ ဥပ ၀ဒေယျုံ။
သုခိနောဝ ခေမိနော ဟောန္တု၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
ရှေးရှေးသော ပညာရှိတို့ ကဲ့ရဲ့အပ်သော မကောင်းမှုမှန်သမျှ အသေးအမွှားလေးကအစ ဘာတစ်ခုမျှ မပြုလုပ်ပါစေကုန်လင့်၊ သတ္တ၀ါအားလုံးတို့သည် ကိုယ်စိတ်နှစ်ဖြာ ဘေးရန်ကွာ၍  ချမ်းသာကြပါစေသတည်း၊ ဘေးရန်ကင်းကွာ ချမ်းသာစွာ နေနိုင်ကြပါစေသတည်း၊

၆။ ယေ ကေစိ ပါဏဘူတတ္ထိ၊
တသာ ၀ါ ထာဝရာဝ န၀သေသာ။
ဒီဃာ ၀ါ ယေ၀ မဟန္တာ၊
မဇ္ဈိမာ ရဿကာ အဏုက ထူလာ။
ထွက်သက်ဝင်သက် အသက်ရှုနေကြသော သတ္တ၀ါမှန်သမျှ၊ ကြောက်ရွံ့ထိတ်လန့်တတ်ကြသော ရဟန္တာမဖြစ်ကြသေးသော သတ္တ၀ါများ၊ မကြောက်မရွံ့ တည်ကြည်ငြိမ်သက်ကြသော ရဟန္တာမထေရ်မြတ်ကြီးများ၊ ခန္ဓာကိုယ်ရှည်လျားသော သတ္တ၀ါ၊ ခန္ဓာကိုယ်ကြီးမားသော သတ္တ၀ါ၊ မရှည်မတို၊ မကြီး မသေး အလယ်အလတ်ဖြစ်ကြသော သတ္တ၀ါ၊ ခန္ဓာကိုယ် ဆူဖြိုးသောသတ္တ၀ါ၊ အားဖြင့် နောက်ဆုံး အဏုမြူတမျှ သေးငယ်ကုန်သော သတ္တ၀ါတွေအပါအ၀င် အားလုံးတို့သည် ဘေးရန်မရှိ ချမ်းသာပကတိရှိကြပါစေ …


၇။ ဒိဋ္ဌာ ၀ါ ယေ၀ အဒိဋ္ဌာ၊
ယေ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ။
ဘူတာဝ သမ္ဘဝေသီဝ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ။
မျက်စိဖြင့် မြင်နိုင်သောမြင်ဖူးသောသတ္တ၀ါ၊ မမြင်နိုင်သော၊ မမြင်ဖူးသောသတ္တ၀ါ၊ ကျွနုပ် အဝေးမှာ ရှိနေသော၊ အနီးနားမှာ ရှိနေသော၊ မနီးမဝေးမှာ ရှိနေသောသတ္တ၀ါများ၊ နောင်ဘ၀မဖြစ်ရတော့သည့် ရဟန္တာစသော သူတော်ကောင်းတို့သည်၎င်း၊ နောင်ဘ၀ဖြစ်ကြအုံးမည့် ပုထုဇဉ် သေက္ခစသော သတ္တ၀ါအားလုံးတို့သည်၎င်း ဘေးရန်ကင်းကွာ ချမ်းသာကြပါစေကုန်သတည်း၊

၈။ န ပရော ပရံ နိကုဗ္ဗေထ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ။
ဗျာရောသနာ ပဋိဃသည၊
နာည မညဿ ဒုတ္ခ မိစ္ဆေယျ။
တစ်ယောက်ယောက်က တစ်ယောက်ယောက်ကို၊ တိရိစ္ဆာန်တကောင်က တစ်ကောင်ကို ဘယ်လိုအကြောင်းကြောင့်မျှ၊ ဘယ်နေရာမှာမဆို၊ စဉ်းလဲကောက်ကျစ်မကောင်းကြံခြင်း၊ မာန်မာနထောင်လွှားကာ မထီမဲ့မြင် မပြုကြပါစေလင့်။
ကိုယ်နှုတ်တို့ဖြင့် စော်ကားပုတ်ခတ်ခြင်း၊ ဒေါသအာဃာတဖြင့် အချင်းချင်း သူတပါးဒုက္ခရောက်သည်ကို အလိုမရှိကြပါစေကုန်လင့်။

၉။မာတာ ယထာ နိယံပုတ္တ၊
မာယုသာ ဧကပုတ္တ မနုရက္ခေ။
ဧ၀မ္ပိ သဗ္ဗဘူတေသု၊
မာနသံ ဘာဝယေ အပရိမာဏံ။
တစ်ဦးတည်းသော သားရှိသော မိခင်သည် မိမိသားအပေါ် ဘေးရန်မကျရောက်အောင် အသက်ပေးကာ စောင့်ရှောက်သကဲ့သို့ အကျိုးကျေးဇူးအနန္တများပြားလှသော မေတ္တာစိတ်ကို သတ္တ၀ါအားလုံးတို့အပေါ်တွင် ဖြန့်ကျက်နေနိုင်ကြပါစေ..

၁၀။မေတ္တဉ္စ သဗ္ဗလောကသ္မိံ၊
မာနသံ ဘာဝယေ အပရိမာဏံ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ၊
အသမ္ဗာဓံ အဝေရ မသပတ္တံ။
အထက်ဘ၀ဂ် အရူပဗြဟ္မာ့ဘုံတိုင်အောင်၊ အောက်အ၀ီစိအပါယ်ဘုံတိုင်အောင်၊ အလယ်အလတ် လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်၊ ရူပဗြဟ္မာ့ဘုံ အပါအ၀င် နေရာမလပ် အကျိုးအနန္တများပြားလှသော၊ အတိုင်းအဆပမာဏ မရေတွက်နိုင်သော မေတ္တာစိတ်ကို ပွားများနိုင်ကြပါစေ၊ အပိုင်းအခြားလွတ်ကင်း ကျဉ်းမြောင်းခြင်းမရှိ၊ ကိုယ်တွင်းဘေးရန်လဲ မရှိ၊ ပြင်ပရန်သူလဲ မရှိပဲ အေးချမ်းစွာ နေနိုင်ကြပါစေသတည်း၊

၁၁။ တိဋ္ဌံ စရံ နိသိန္နော ၀၊
သယာနော ယာဝတာဿ ၀ီတမိဒ္ဓေါ။
ဧတံ သတႎ အဓိေ႒ယ်၊
ဗြဟ္မ မေတံ ၀ိဟာရ မိဓ မာဟု၊
ရပ်နေစဉ်၊ လမ်းလျောက်နေစဉ်၊ ထိုင်နေစဉ်၊ ခန္ဓာကိုယ်လဲလျောင်းနေစဉ် ဘယ်အချိန်မှာမဆို စိတ်ပျံ့လွင့်မှုကင်း ကြည်လင်ရွှင်ပြစွာဖြင့် မေတ္တာစိတ်နှင့်ယှဉ်သော သတိကို ထားနိုင်ကြပါစေ.. ထိုကဲ့သို့ မေတ္တာစိတ် ဖြန့်ကျက်ကာ နေခြင်းကိုပင် မြင့်မြတ်သော ဗြဟ္မာကြီးတို့၏ နေထိုင်ခြင်း ဗြဟ္မ၀ိဟာရဟူ၍ ပညာရှိအပေါင်းတို့ ဆိုကြပေ၏။  

၁၂။ ဒိဋ္ဌိဉ္စ အနု ပဂ္ဂမ္မ၊
သီလ၀ါ ဒဿနေန သမ္ပန္နော။
ကာမေသု ၀ိနယ ဂေဓံ၊
န ဟိ ဇာတု ဂ ဗ္ဘသေယျ ပုန ရေတိ။
မေတ္တသုတ္တံ နိဋ္ဌိတံ။
အမြဲမပြတ် မေတ္တာကမ္မဋ္ဌာန်း စီးဖြန်းပွားများလေ့ ရှိသူသည်၊ အယူလွဲမှား ဖောက်ပြန်သောဘ၀သို့ မရောက်နိုင်တော့ပဲ လောကုတ္တရာသီလများနှင့် ပြည့်စုံပြီး မဂ်ဥာဏ်ဖိုလ်ဥာဏ်များကိုပင် မျက်မှောက်ပြုရတတ်သည်၊ သက်ရှိ၊ သက်မဲ့ ၀တ္တုအာရုံ ကာမဂုဏ်ငါးပါးတို့၌ မက်မောတွယ်တာမှုများ ကင်းကွာကာ နောင်တဖန် ပဋိသန္ဓေတည်နေရခြင်း ဇာတိဒုက္ခကိုပင် မခံစားရတော့ပေ။
မေတ္တာသုတ် မြန်မာပြန်အဓိပ္ပါယ် ပြီးပါပြီ၊
မိဝေး ဖဝေးအရပ်တွင် နေသော ညီငယ်တစ်ယောက်က အဓိပ္ပါယ်အကျယ်သိလျင် ရွတ်ဖတ်သရဇ္ဈာယ်ရတာ ပိုမို အကျိုးရှိမည် ရေးသားပေးပါ တောင်းဆိုသောကြောင့် ( ဤနွားက ထိုနွားကို မှီအောင် လိုက်ပါလား ) စသည်ဖြင့် ပါဠိသံ၊ စာသံ၊ ၀ိဘတ်သံများ မပါစေဘဲ စာရေးသူ နားလည်သလို လိုရင်းတိုရှင်း မှတ်မိလွယ်စေရန် ဘာသာပြန်လိုက်ပါသည်။
မေတ္တာအကျိုး ( ၁၁ )မျိုး
၁။ ချမ်းချမ်းသာသာ အိပ်ပျော်ခြင်း၊
၂။ ရွှင်ရွှင်ပြပြ အိပ်ရာနိုးခြင်း၊
၃။ မကောင်းသော အိပ်မက်ဆိုးများ မမက်ခြင်း၊
၎။ ပတ်ဝန်းကျင်မှ လူများ၏ချစ်ခင်မှု ရရှိခြင်း၊
၅။ လူမှတပါး အခြားသော ပရလောကမှပုဂ္ဂိုလ်များ ချစ်ခင်ခြင်း၊
၆။ ဘုန်းတန်ခိုးကြီးမားသော နတ်ဗြဟ္မာများ စောင့်ရှောက်မှု ခံရခြင်း၊
၇။ မီးဘေး၊ အဆိပ်ဘေး၊ ဒုတ် ၊ ဓားလက်နက် မှန်သမျှ မထိရောက်နိုင်၊
၈။ ကမ္မဋ္ဌာန်းတခုခုကို အာရုံပြုလျင် စိတ်တည်ကြည် သမာဓိရလွယ်ခြင်း၊
၉။ မေတ္တာစိတ်ကြောင့် အမြဲတမ်း မျက်နှာကြည်လင်နေခြင်း၊
၁၀။ သေခါနီးဝယ် ကြည်ကြည်လင်လင် ရွှင်ရွှင်ပြပြ သေနိုင်ခြင်း၊
၁၁။ ယခုဘ၀တွင် မဂ်ဖိုလ်မရလျင်တောင် မေတ္တာဈာန်ဖြင့် ဗြဟ္မာ့ပြည်ရောက်ရှိနိုင်ခြင်း၊
( မေတ္တာအကျိုး ဆောင်ပုဒ် )
မေတ္တာဂုဏ်ရည် , ဆယ့်တစ်လီကား , အညီသတ္တ၀ါ , မလပ်ပါအောင် , ခါခါနေ့စဉ် , မေတ္တာယှဉ်မှု , ကြည်လင်အိပ်ပျော် ထချိန်တော်၍ , နိုးသော် ရွှင်ရွှင် , အိမ်မက်မြင်လည်း , အစဉ်ကောင်းစွာ , မြင်မက်ရာ၏ ။ ပြည်ရွာလူသား , နတ်အများလည်း , မြင်ကြားသမျှ , ချစ်ခင်ကြသဖြင့် , ဒေ၀ထွေထွေ စောင့်ရှောက်လေ၏ ။ မီး , ရေ , ခိုးသူ , များရန်သူလည်း , မယူမဖျက် , မနှောက်ယှက်တည်း ။ စိတ်ဓာတ်လည်းတည် , မျက်နှာကြည်၍ , သေမည်ခါချဉ်း , တွေဝေကင်း၏ ။ မှန်းရင်းဓမ္မ , မဂ်မရလည်း , ဈာန်ရလေလစ် , ဗြဟ္မာဖြစ်သည် ... ဆယ့်တစ်မေတ္တာအကျိုးတည်း ။
မေတ္တသုတ်တော်လာ  လိုက်နာသင့်ဖွယ် ( ၁၅ )ချက်
၁။ သက္ကောစ= တစိုက်မတ်မတ်စွမ်းနိုင်အောင် ပွားများအပ်၏၊
၂။ ဥဇု စ= ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်သင့်သည်၊
၃။ သုဟုဇု စ= သာမာန်မဟုတ်ပဲ အလွန်ကောင်းစွာ ဖြောင့်မတ်သင့်၏။
၎။ သုဝစော စ= ဆိုဆုံးမ လွယ်သူဖြစ်သင့်၏၊
၅။ မုဒု စ= စိတ်ထား နူးညံ့သိမ်မွေ့သင့်၏၊
၆။ အနတိမာနီ စ= ကိုယ့်ကိုယ်ကို အထင်ကြီးခြင်း၊ သူတပါးကို အထင်သေးခြင်း မာန်မာန မထားသင့်ရာ၊
၇။ သန္တုဿကော စ= ရောင့်ရဲလွယ်သင့်သည်၊
၈။ သုဘရော စ=အသက်မွေးမှုအတွက် မွေးမြူလွယ်သင့်သည်၊
၉။ အပ္ပကိစ္စော စ= အမှုကိစ္စ မှန်သမျှ နည်းပါးသင့်၏၊
၁၀။ သလ္လဟုက၀ုတ္တိ စ= ပေါ့ပါးသော အသက်မွေးခြင်းလဲ ရှိသင့်၏၊
၁၁။ သန္တိန္ဒြိယော စ= ငြိမ်သက်သော ဣနြေ္ဒရှိသင့်၏၊
၁၂။ နိပကော စ= ရင့်ကျက်သော တည်ငြိမ်သော ပညာဥာဏ်လဲ ရှိသင့်၏၊
၁၃။ အပ္ပဂဗ္ဘော= ကိုယ်နှုတ်နှလုံး ကြမ်းတမ်းခြင်း မရှိရာ။
၁၄။ ကုလေသု အနနု ဂိဒ္ဓေါ= အမျိုးလေးပါးတို့၌ တပ်မက်မှုမရှိသင့်ပေ၊
၁၅။ န စ ခုဒ္ဒ မာစရေ ကိဉ္စိ - ဒုစရိုက်ကို အနည်းငယ်မျှလည်း မပြုကျင့်ရာ။