Powered By Blogger

Sunday, August 5, 2012

မြစ်ကြီဧရာဝတီနှင့်သမိုင်းရှိတဲ့တိုင်းပြည်


ချောင်းငယ်မြောင်းငယ်တခုမှာ
ကြီးကျယ်တဲ့သမိုင်ဆိုတာ မရှိနိုင်ဘူး။
ချောင်းငယ်မြောင်းငယ်တွေဟာ
နှစ်ကရိစ္ဆေဒ အတိုက်စားခံရရင်
လမ်းကြောင်းပြောင်းချင်ပြောင်းမယ်
တိမ်ကောချင်လည်း ကောမယ်။
နှစ်ပေါင်းထောင်သောင်းချီတဲ့
သမိုင်းဖြစ်တည်မှုဟာ
မြစ်ကြီးတခုမှာပဲ  ရှိနိုင်ရဲ့။
မစ္စစ္စစ်ပီဟာ အမေရိကရဲ့သမိုင်း
ဗော်လဂါဟာ ရုရှားရဲ့သမိုင်း
ဂင်္ဂါဟာ အိန္ဒိယပြည်ရဲ့သမိုင်း
ယန်စီဟာ တရုတ်ပြည်ရဲ့သမိုင်း
ထို့အတူပဲ
ဧရာဝတီဟာလည်း
ငါတို့မြန်မာပြည်ရဲ့သမိုင်းပဲဖြစ်ရဲ့။
ကမ္ဘာ့နိုင်ငံတိုင်းရှိရှိသမျှ
မြစ်ကြီးတခုစီ ပိုင်နိုင်ကြတာ
မဟုတ်ပါဘူး။
သင့်ကိုပိုင်ဆိုင်ခဲ့ရခြင်းအတွက်
ဂုဏ်ယူမိပါရဲ့
ဧရာဝတီ …။
သင့် ခမ်းနားခဲ့တဲ့ ရာဇဝင်များအတွက်
အလေးပြုမိပါရဲ့
ဧရာဝတီ …။
သင့်ပြည်သူတွေစားဝတ်နေရေး
အတိုင်းအဆမရှိ ပေးဆပ်ခဲ့ခြင်းအတွက်
ကျေးဇူးတင်မိပါရဲ့
ဧရာဝတီ။
တရားအပြည့်နဲ့သင့်ရေစီးသံမှာ
ငါတို့အတွက် အချက်ပေးစကား
ငါကြားနေမိ …။
ကောင်းမြတ်ခဲ့တဲ့ သင့်အစဉ်အလာ
ငါတို့ခေတ်မှ ရိုင်းရမှာလား
စွမ်းအားမြှင့်ကာ ရုန်းထကြဖို့
နှိုးဆွနေဟန် သင့်တေးသံအား
ငါကြားနေမိ …။
သင်ပေးလိုတဲ့ သတင်းစကားကို
(ဒီကဗျာရေးခြင်းအားဖြင့်)
တဆင့်ပါးလိုက်ပါပြီ
ဧရာဝတီ …။
မိုး သစ် ဝေ
ပိတောက်ပွင့်သစ် စာပေ၊ အနုပညာမဂ္ဂဇင်း
အမှတ် (၄၀) ဇွန်လ ၂၀၁၁

No comments:

Post a Comment