Powered By Blogger

Thursday, August 30, 2012

အဆင့်ဆင့်တရားရှုမှတ်နည်း(၂)


အခြေခံတရားရူမှတ်၍ ကျင့်စဉ်ကို (ဆယ့်နှစ်ရက်) မျှ ရက်ဆက်မှန်စွာပြုလုပ်၍ အချိန်တိုင်း၊ အခါတိုင်း တရားရူမှတ်တိုင်း ထွက်လေ၀င်လေကို ပိုင်ပိုင်ရရ မှတ်သိနိုင်လျှင် ဤ (အဆင့်မြင့်တရား ရူမှတ်ခြင်း) အဆင့်ပြောင်းလဲ ရူမှတ်နိုင်ပါသည်။ ယင်းကိစ္စမှာ (အပြန်အလှန် ၀န်ချတောင်းပန်ကျေအေးခြင်း) ဖြစ်ပါသည်။

မိမိတို့မသိမမြင်နိုင်သော အချိန်ကာလနှင့် ထင်ရှား သိမြင်နိုင်သော အချိန်ကာလနှစ်ခုတို့တွင် မိမိသည် သူတစ်ပါးတို့အား ကိုယ်နူတ် စိတ်ဖြင့် မနှစ်သက်ဖွယ်ရာ မလေးမခန့် ကျူးလွန်ပြောဆို ကြံရွယ် ပြစ်မှားမိခဲ့ကြပေလိမ့်မည်။ မိမိအပေါ်တွင်လည်း သူတစ်ပါးတို့ မလေးမခန့် ကျူးလွန် ပြောဆို ကြံရွယ် ပြစ်မှားမိခဲ့ကြပေလိမ့်မည်။ ယင်းအပြုအမူများအတွက် အပြန်အလှန် ၀န်ချတောင်းပန်ခြင်း ကျေအေးခြင်းအမူ ပြုကြရပါမည်။ ဤသည်ကား အပြန်အလှန် တင်ရှိနေသော စိတ်ပိုင်းဆိုင်ရာ ကြွေးတုံ့ ကြွေးနှောင် စာရင်းများတွင် ရှင်းလင်းစေခြင်းပင် ဖြစ်သည်။

ဤကဲ့သို့ အပြန်အလှန် ၀န်ချမူပြုရန် ဖော်ပြပါအတိုင်း စိတ်ဖြင့်ဖြစ်စေ၊ နူတ်ဖြင့်ဖြစ်စေ၊ ရွတ်ဆိုလိုက်ပါ။

(မိမိနှင့် ဆက်စပ်နေသော တစ်ပါးသူတို့၏ သိအပ်၊ မသိအပ်၊ အချိန်အခါတို့တွင် ပြူမူမိသော ကိုယ်၊ နူတ်၊ စိတ် အပြုမှားတို့ကို အပြန်အလှန် ၀န်ချတောင်း ပန်ပါ၏၊ ကျေအေးပါ၏။)

ထို့နောက် ဆင်းရဲမူအပေါင်းမှ လွတ်မြောက်နိုင်သော ဤကျင့်စဉ်ကို ယုံကြည်မူ အလေးအနက်ထား၍ ဖော်ပြပါအတိုင်း (သုံးကြိမ်) ရွတ်ဆိုမူပြုလိုက်ပါ။

(ငါသည် ဆင်းရဲမူအပေါင်းမှ လွတ်ရာသို့ ရောက်တော့မည်)

ဤသို့ရွတ်ဆိုပြီးလျှင် သင်သည် အဆင့်မြင့် တရားရူမှတ်ရန်အတွက် အဆင်သင့်ဖြစ်လေပြီ။

အခြေခံရူမှတ်မူတွင် မှတ်ရူခဲ့သော ထွက်လေတစ်ချက်လျှင် (သိ) ၀င်လေတစ်ချက်လျှင် (သိ) ဟု မှတ်မူအစား (မမြဲ) ဟူ၍ မှတ်လိုက်ပါ၊ (သိ) နေရာတွင် (မမြဲ)ကို အစား ထိုးလိုက်ပါ။

ဤသို့ (မမြဲ) ရူမှတ်မူကို (ငါးမိနစ်တာ)မျှ ရူမှတ်ပါ၊ အားလပ်တိုင်း အချိန်အခါရတိုင်း ဤသို့ရူမှတ်နေလျှင် အဆင့်မြင့် တရားရူမှတ်ခြင်း(ပထမအဆင့်) အောင်မြင်ပြီ ဖြစ်သည်။

ဤသို့ ထွက်လေ၀င်လေကို (မမြဲ)ဟု ရူမှတ်နေဆဲကာလတွင် ရူမှတ်မူနောက်မှ ဆင်ခြင်ဉာဏ်ဖြည့်စွက်၍ မမြဲသော အတည်မရှိသော ပြောင်းလဲနေသော သဘောတို့ကို သုံးသပ်ဆင်ခြင်နေရမည်။

ဤအဆင့်မြင့်တရားရူမှတ်မူ (ပထမဆင့်)ကို နားလည်သဘောပေါက်၍ ငါးမိနစ် - ငါးမိနစ်မျှ သော်လည်းကောင်း၊ အချိန်အခါ အားလပ်မူအလျောက် နေ့စဉ်ရက်ဆက် အချိန်အတန်ကြာအောင် တစ်စဉ်တည်း တစ်ဆက်တည်း သော်လည်းကောင် ရူမှတ်နေဆဲ၊ ရူမှတ်နေခိုက်၊ နေစဉ်တွင် ကံထူး၊ ဉာဏ်ထူး၊ ၀ီရိယထူး၊ ပါရမီထူး၊ ပုဂ္ဂိုလ်များအတွက် သဘာဝဖြစ်ပျက်ခြင်းရာ (မမြဲသော ဖြစ်မူ ပျက်မူ) သဘောတရားများကို မိမိ၏ ခန္ဓာကိုယ်နှင့် ပြင်ပအာရုံတို့၌ ထင်လာ မြင်လာ သိရှိလာ၍ သဘောပေါက် ဉာဏ်အမြင် ရလာနိုင်ပါသည်။

() ၀င်လေ ထွက်လေက နှာသီးဖျား နူတ်ခမ်းဖျားနေရာအရပ်ကို ထိခတ်နေခြင်းသဘောတစ်ခု၊

() ထိုထိခတ်နေခြင်းကို သိမှတ်နေရမူသဘောတစ်ခု ဟူ၍ ပိုင်းခြားသိမြင်လာနိုင်ပါသည်။

ထိုသဘောနှစ်ခုတို့မှတပါး အခြားမရှိ၊ ထိုသဘောတို့မှာလည်း မမြဲ၊ ဖြစ်ပျက်ဟူ၍ မြင်သိလာခြင်းသည် အမြင်မှန် အသိမှန်ကိုရခြင်း ဖြစ်သည်။

သို့သော် တစ်ရာ၊ တစ်ထောင်၊ တစ်သောင်း၊ တစ်သိန်းလျှင်(တစ်ယောက်)ဟူဘိသကဲ့သို့ အလွန်ထူးသော ပုဂ္ဂိုလ်မျိုးသာလျှင် ဤ အတိတ်ကံ အထောက်အပံ့ထူးဖြင့် တွေ့နိုင်မြင်နိုင် သိနိုင်ပါသည်။

ဤသို့ ရူဆဲ ရူခိုက်တွင် ဉာဏ်အမြင်မပေါက်သော်လည်း ဉာဏ်အမြင်ပေါက်စေရန် မျက်မှောက်ကံဖြင့် အထူးပြု ညွှန်ပြပါက သဒ္ဓါ၊ သတိ၊ ၀ီရိယ၊ ကြီးမားသော စိတ်ဆန္ဒ အားစိုက်မူ ပြင်းထန်သော ပုဂ္ဂိုလ်များလည်း ဧကန်ဧက လွယ်ကူစွာ အမြင်ရနိုင်ကြပါသည်။

အတိုကောက်မှတ်ရန် လင်္ကာ
အခြေတစ်ဆင့် မြှင့်၍ရူရာ,
ပြန်လှန်ဝန်ချ ပြုရမှန်စွာ၊
ဆင်းရဲလွတ်မူ ရှေးရူစိတ်မှာ,
ဝင်ထွက်လေအား ထင်ရား (သိ) ရာ၊

တရားစာအုပ်များဖတ်ရန်


မဟာဂန္ဓာရုံဆရာတော်၏စာအုပ်များဒေါင်းရန်

http://www.dhammaweb.net/dhammabook/author.php?author=Janakabhivamsa,%20Ashin

မဟာစည်တရားစာအုပ်များဒေါင်းရန်

http://www.dhammaweb.net/dhammabook/author.php?author=Mahasi%20Sayadaw

လယ်တီတရားစာအုပ်များဒေါင်းရန်

http://www.dhammaweb.net/dhammabook/author.php?author=Ledi%20Sayadaw

မိုးကုတ်ဆရာတော်ဘုရား၏တရားစာအုပ်များဒေါင်းရန်

http://www.dhammaweb.net/dhammabook/author.php?author=Mogok%20Sayadaw