Tuesday, July 31, 2012
Sunday, July 29, 2012
ဓမ္မစကြာတရားတော်မြန်မာပြန်(အပိုင်း-၃)
(၃) ဖျားနာခြင်းသည်
ဆင်းရဲ၏ဟုဆိုရာတွင် ပထ၀ီ၊ အာပေါ၊ တေဇော၊ ၀ါယောဟူသော ဓာတ် တို့ဖာက်ပြန်ချောက်ခြားမှုကြောင့်
ဖြစ်ပေါ်လာသော ဒုက္ခဝေဒနာ(ဗျာဓိ)သည် ဆင်းရဲအမှန် ဖြစ်ပါသည်။
(၄) ခန္ဓာပြတ်ကြွေ
သေဆုံးခြင်းသည် ဆင်းရဲ၏ ဟုဆိုရာတွင် ရုပ်ဇာတိ၊နာမ်ဇာတိမှ ရင်ရော်အိုမင်းခြင်း ဟူသော
ရုပ်၏ဇရာ၊ နာမ်၏ဇရာဖြစ်သော ဖြစ်နေဆဲအစဉ်မှ ရပ်ဆဲပြတ်ကြွေ သေလွန်ရခြင်းကိုဆိုသည်။ ထိုကြောင့်
မရဏတရားတွင်လည်း ရုပ်ပြတ်ဆဲခြင်းနှင့် နာမ်ပြတ်ဆဲဟူ၍ (၂)မျိုးရှိသည်။
နိပ္ဖန္နရုပ်(၁၈)ခုတို့၏ အစဦးစွာဖြစ်ပ်ါလာဆဲသော(ဥပါဒ်)
ရုပ်၏ ဇာတိအချိန်အခိုက်အတန့်မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသော အချိန်အခိုက်အတန့်၊ ထိုမှလွန်၍
ပျောက်ပျက်ရွေ့လျောဆဲသဘောသည် ရုပ်၏ဇရာ မည်၏။
နာမက္ခန္ဓာတရားလေးပါတို့၏ အစဦးစွာဖြစ်ပေါ်လာဆဲသော
(ဥပါဒ်) နာမ်၏ဇာတိ အချိန်အခိုက်အတန့်မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသောအချိန်အခိုက်အတန့်။ထိုမှလွန်၍
ပျောက်ပျက်ရွေ့လျောဆဲ သဘောသည် နာမ်၏ဇရာမည်၏။
(ပါဋိ) `ကတမဉ္စ ဘိက္ခဝေ………………အယံဝုစ္စတိ ဘိက္ခဝေ မရဏံ။´
``ချစ်သားရဟန်းတို့- တည်နေရာဘုံဘ၀တို့၌ ၁။ထင်ရှားသောဘ၀မှ
ရွေလျောခြင်း၊ ၂။ထင်ရှားသော ဘ၀မှ ရွေလျောသည့် အခြင်းအရာ၊ ၃။ပျက်ခြင်း၊ ၄။ကွယ်လွန်ခြင်း၊
၅။အသက်စွန့်ခြင်း၊ ၆။သေခြင်း၊ ၇။ဘ၀မှယုတ်ခြင်း၊ ၈။ခန္ဓာငါးပါး၊ နာမ်ရုပ်တရားတို့ပျက်ခြင်း
၉။ခန္ဓာကိုယ်အကောင်ပုတ်ကို စွန့်ပစ်ခြင်း၊ ၁၀။ဇီဝိနြေ္ဒ ပျက်ကြွေခြင်း တို့သည် (မရဏ)
သေခြင်းဖြစ်သည်´´ ဟုဟောကြားထားပါသည်။
(၅) မချစ်အပ်၊
မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတိုနှင့်ပေါင်းဖော်ရခြင်းသည် ဆင်းရဲ၏ဟုဆိုရာတွင် မချစ်အပ်၊
မနှစ်သက်အပ်သော သတ္တ၀ါသင်္ခါရတိုနှင့် ပေါင်းဖော်ရခြင်း၊ စိတ်ပင်ပန်းခြင်းကို ဖြစ်စေခြင်း၊
အကျိုးမဲ့ဖြစ်ခြင်းစသော လက္ခဏာများ ပါရှိပါသည်။ ထိုလက္ခဏာများကြောင့် စေတသိကဒုက္ခနှင့်
ကာယိက ဒုက္ခနှစ်ပါး ဖြစ်ကြရပါသည်။
(ပါဋိ) `ဒိသွာဝ အပ၌ိယေ ဒုက္ခံ……………..ယတော ဣဓ။
``ရန်သူကိုမြင်ရလျှင် စိတ်၊ စေတသိက်၌ (ဒေါမနဿဝေဒနာ)
ဒုက္ခဖြစ်ရသည်။ ထိုအတွက် ကိုယ်ဆင်းရဲခြင်း (ကာယိကဒုက္ခ) ဖြစ်ရ၏´´ ဟုဟောထားပါသည်။
စကားချက်။ ရန်သူ/ မနှစ်သက်အပ်သူ/ အလိုမရှိအပ်သည်ကို တွေ့ကြုံရလျှင် တစ်ဦးနှင့်တစ်ဦး
အကျူးအလွန်မခံ၊ တင်းမာသော ဒေါသ၊ မာန်မာနတို့ ဦးဆောင်လျှက် ထိုးခုတ်သက်ဖြတ်ခြင်းဟူသော
ကာယဒုက္ခနှင့် စိတ်၌ကြောက်ရွံခြင်း၊ ထိတ်လန့်ခြင်းစသော စေတသိကဒုက္ခတို့ ဖြစ်ရခြင်းကြောင့်
ဆင်းရဲ လှပါသည်။
(ပါဋိ) `တတော ဒုက္ခဒွယဿာပိ…………….သမာဂမောတိ။´
``ထိုကိုယ် စိတ်နှစ်ပါလုံ ဆင်းရဲရခြင်း၏
အကြောင်းဖြစ်သော မချစ်အပ်၊ မနှစ်သက်အပ်သော သူတို့နှင့် ပေါင်းဖော်နေထိုင် တွေ့ဆုံရခြင်းသည်
ဆင်းရဲခြင်းအမှန်ဖြစ်ပါသည်´´ ဟု ဟောထားပါသည်။
(ပါဋိ) `ကာတမောစ ဘိက္ခဝေ……………….အပ္ပိယေဟိသပ္ပယောဂေါ ဒုက္ခော။´
``အိုချစ်သားတို့..၊ မချစ်မနှစ်သက်သူတို့နှင့်ပေါင်းဖော်ရခြင်းသည်
ဆင်းရဲ၏ဆိုသည်မှာ မရှာမှီး၊ အလိုမရှိအပ်သော အဆင်း၊ အသံ စသောအာရုံငါးပါး တို့သည်ရှိ၏။
ထိုသတ္တ၀ါတို့အား အကျိုးပျက်ခြင်းကို လိုလားခြင်း၊ စီးပွားပျက်စေလိုခြင်း၊ ချမ်းသာခြင်းကိုအလိုမရှိ၊
ဘေးကင်းခြင်းကိုအလိုမရှိ၊ ထိုသတ္တ၀ါတို့နှင့် အတူပေါင်းဖော်နေရခြင်းသည် (အပ္ပိယေဟိ သပ္ပယောဂေါ
ဒုက္ခော) ဆင်းရဲမည်ကုန်၏´´ ဟု ဟောထား ပါသည်။
(၆) ချစ်ခင်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရတို့နှင့် ကွေကွင်းရခြင်းဆိုရာတွင် ချစ်ခင်နှစ်သက် အပ်သော သတ္တ၀ါသင်္ခါရတို့နှင့်
ကွေကွင်းရခြင်းကြောင့် စိုရိမ်ပူပန်ရခြင်း၊ ပျက်စီးရခြင်းတို့ကြောင့် (ကိုယ်၊စိတ်)
ဆင်းရဲခြင်းအမှန် ဖြစ်ပါသည်။ ဤလောက၌ အလိုရှိအပ်၊ နှစ်သက်အပ်ကုန်သော သတ္တ၀ါ သင်္ခါရတို့သည်
ပျက်စီးချွက်ယွင်း၊ ကွေကွင်းသည်ရှိသော် ထိုပစ္စည်းရှင်သည်ကိုယ်ကိုခြောက်သွေ့ စေခြင်း၊
ကြုံလှီ၊ ချိနဲစေခြင်း စသည်ဖြင့် ကာယိကဒုက္ခကို ဖြစ်စေသည်။ ဤအရာဝတ္ထု တို့သည်၊ ငါတို့၌
ရှေးက ရှိခဲ့ဘူးသည်၊ ရခဲ့ဘူးသည်၊ ဖြစ်ခဲ့ဖူသည်။ ယခုအခါ၌မရှိတော့၊ မရတော့၊ မဖြစ်တော့ချေဟု
နောင်တ တဖန်ပူဆွေး စိုးရိမ်ခြင်း စေတသိကဒုက္ခ ကိုဖြစ်စေသည်။ ထိုကြောင့် အောက်ပါဒေသနာကို
ဟောကြား ခဲ့ပါသည်။
(ပါဋိ) `ဥာတိ ဓနာ………………………မတော ပိယ၀ိယောဂေါတိ။´
``လောက၌ အဆွေအမျိုး၊ ပစ္စည်ဥစ္စာပျက်စီးခြင်းကြောင့်
စိတ်သောကတည်းဟူသော မြားသည် စူဝင်နှိပ်စက်ခံရသူတို့တွင် နာကျင်ကြကုန်၏။ ထိုကြောင့် ချစ်ခင်နှစ်သက်အပ်သော
သတ္တ၀ါသင်္ခါရ တို့နှင့် ကွေကွင်း ရခြင်းသည် ဆင်းရဲပါသည်´´ဟုဟောထာပါသည်။
ဤအရာသည်လည်း ပရမတ္ထဖြစ်သော ခန္ဓာငါးပါး၊ ရုပ်နာမ်တရားစုတို့ကိုပင်
ပညက်တင်၍ ဟောတော်မူပါသည်။ ထိုကြောင့် ရုပ်နာမ်တရား၊ ခန္ဓာငါးပါးတို့အချင်းချင်း ပေါင်းသင်း ဆက်ဆံရာတွင်
ဤအရာဝတ္ထုတို့သည်ကား ချစ်အပ်၊ နှစ်သက်အပ်သော သင်္ခါရတို့ ဖြစ်ကြသည်ဟု လော ဘရှေ့ထား အောက်မေ့လျှက်
နှလုံးသွင်းထင်မှတ်ကြကုန်၏။ ထို့ကြောင့် ထိုသို့နှလုံးသွင်းရှိသော ပုဂ္ဂိုလ် တို့အား
ထိုသတ္တ၀ါ သင်္ခါရတို့နှင့် ကွေကွင်း မပေါင်းဖက်ရခြင်းသည် ဆင်းရဲခြင်းစစ်စစ်ဖြစ်သည် ဟုဟောတော်မူပါသည်။
(ပါဋိ) `ကတမောစဘိက္ခဝေ ပိယေဟိ………………ပိယေဟိဝိပ္ပယောဂေါ ဒုက္ခော။´
``အို……..ချစ်သားတို့၊ ချစ်ခင်နှစ်သက်အပ်ကုန်သော
သူတို့နှင့် ကွဲကွာရခြင်းကြောင့်ဖြစ်သော ဆင်းရဲမည်သည်မှာ ဤလောက၌ ရှာမှီးအပ်ကုန်သော၊
အလိုရှိအပ်ကုန်သော၊ နှစ်လိုအပ်ကုန်သော ရူပါရံ၊ သဒ္ဒါရုံစသော အာရုံငါးပါးထင်ရှားရှိကြပါသည်။
ထိုသတ္တ၀ါ၏အကျိုးကို အလိုရှိသော၊ ချမ်းသာကို အလိုရှိသော၊ ဘေးမရှိခြင်းကို အလိုရှိသော
အမိ၊ အဖ၊ ညီ၊ အကို၊ အမ၊ နှမ၊..ဆွေမျိုးတို့ဟူ၍ ဆင်းရဲချမ်းသာ အတူခံစားဖက်များ ရှိကြသည်။
ထိုချစ်ခင်နှစ်သက်အပ်ကုန်သော သူများနှင့် အတူမပေါင်းဖော်ရခြင်း၊ အတူတကွမနေရခြင်း၊ ရောနှောမနေရခြင်းသည်
ဆင်းရဲပါပေသည်´´ဟုဟော ထားပါသည်။
(အပိုင်း-၄ ဆက်လက်ဇော်ပြပါမည်။ )
ဓမ္မစကြာတရားတော်မြန်မာပြန်(အပိုင်း-၂)
ဓမ္မစကြာတရားတော်(သစ္စာလေးပါး)
ဒုက္ခသစ္စာ-2
(ဣဒံခေါပန
ဘိက္ခဝေ ဒုက္ခံ အရိယသစ္စံ)အစချီ၍ (၁)ဒုက္ခသစ္စာ၏ သရုပ်ကိုဝေဖန်ပိုင်းခြားပြထားပုံကို အစဉ်အတိုင်း
(သင်္ဂါယနာ)တင်ကြပါစို….။
ဒုက္ခသစ္စာ(ပါဋိ) `ဣဒံခေါပန ဘိက္ခဝေ………….ပဉ္စုပါဒါနက္ခန္ဓာပိဒုက္ခာ။´
` အိုချစ်သား ရဟန်းတို့.. (၁)ပဋိသန္ဒေနေရခြင်း၊
(၂)ဆိုးရွားဟောင်းမြင်း အိုမင်းရင့်ရော်ခြင်းတို့သည် ဆင်းရဲ၏ (သို့) ဆင်းရဲခြင်း၏ အကြောင်းဖြစ်၏၊
(၃)ဖျားနာခြင်း၊ (၄)သေရခြင်း၊ (၅)မချစ်အပ်၊ မနှစ်လိုအပ်သောသူများ၊ သတ္တ၀ါသင်္ခါရများနှင့်အတူ
ပေါင်းဖော်နေရခြင်း၊ (၆)ချစ်အပ်၊ နှစ်လိုအပ်သောသူများ၊ သတ္တ၀ါသင်္ခါရများနှင့် ကွေကွင်းရခြင်း၊
မပေါင်းရခြင်း၊ (၇)ထိုပဋိသန္ဓေနေရခြင်းဟူသော သဘောတရားသည် ငါ့အားမဖြစ်လျှင် ကောင်လေစွဟု
တောင်တခြင်းငှာ မရခြင်း၊ (၈)အကျဉ်းအားဖြင့် ဥပါဒါန်တရားတို၏ အာရုံဖြစ်သော ခန္ဓာတို့သည်
ဆင်းရဲကုန်၏။ ဤပဋိသန္ဓေနေရခြင်း အစရှိသော တရားတို့သည် ဒုက္ခစင်စစ် အမှန်ဖြစ်ကြပါ၏´ ဟုဟောတော်မူထားပါသည်။
ဒုက္ခသစ္စာ၏ အမှန်လေးချက်၊ အနက်လေးပါး (ပါဋိ)
`ဒုက္ခဿပီဠနဋ္ဌော…….ပရိညာတဋ္ဌော။´
``ဒုက္ခသစ္စာဆိုထိုက်သော တရားတို့တွင်- (၁)သတ္တ၀ါ၊
ဗိုလ်လူခပင်း၊ အမင်းမင်းတို့ကို အတင်းဖမ်း၍ ညှဉ်ပန်းတတ်၊ နှိပ်စက်တတ်သောသဘော၊ (၂)အသစ်တဖန်
ပြန်ဖြစ်ရခြင်းဟူသော ပြုပြင်ထူထောင်အပ်သော သဘော၊ (၃)အကျိုးခန္ဓာ ဖြစ်ပေါ်လာပါက ဆယ်ပါးသော
အပူမီးတို၏ အင်အားဖြင့် အနေခက်အောင် ပူလောင်စေတတ်သော သဘော၊ (၄)ဘ၀များစွာတွင် ခန္ဓာကိုယ်၏
ဖရိုဖရဲ ပြိုကွဲဖောက်ပြန်ခြင်း သဘော၊ ဤ(၄)ပါးဖြင့် ပိုင်းခြားသိခြင်းကို သိခြင်းအနက်မည်၏။
အကြင်တရားသဘောသည် ဤပြဆိုအပ်ခဲ့ပြီးသော အနက်(၄)ပါးတို့နှင့် ပြည့်စုံ၏။ ထိုတရားသဘောသည်
ဆင်းရဲဧကန်ဖြစ်ပါသည်။ ထို့ကြောင့် သင်္ခါရတရား အပေါင်းတို့တွင် လောကီစိတ် (၈၁)စိတ်၊ လောဘမပါသောကျန်
စေတသိက်(၅၁)ပါး၊ ရုပ်(၂၈)ပါတို့သည် ပြဆိုအပ်ပြီးသော အမှန်လေးချက်၊ အနက်လေးပါးနှင့်
ပြည့်စုံရကား ဆင်းရဲဧကန်ဖြစ်၏´´ဟု ဟောတော် မူပါသည်။
(၁) ပဋိသန္ဓေနေရခြင်းသည်
ဆင်းရဲ၏ (သို့) ဆင်းရဲခြင်း၏အကြောင်းဟု ဆိုရာတွင်
ရုပ်၏ဇာတိ (ရုပ်ပဋိသန္ဓေနေခြင်း) နှင့် (နာမ်ပဋိသန္ဓေနေခြင်း) ဟူ၍ နှစ်ပါးရှိသည်။
နိပ္ဖန္နရုပ် (၁၈)ခုတို့၏ အစဦးစွာ ဖြစ်ပ်ါလာဆဲသောသဘော
(ရုပ်တရားတို့၏ ရှေးဦးစွာဖြစ်ပေါ် လာသော အချိန်ကာလ) သည် ရုပ်၏ ဇာတိ၊ ရုပ်ပဋိသန္ဓေ နေခြင်းမည်၏။
နာမက္ခန္ဓာတရားလေးပါးတို့၏ အစဦးစွာ ဖြစ်ပေါ်လာဆဲသောသဘော
(နာမ်တရားတို့၏ ရှေးဦးစွာ ဖြစ်ပေါ်လာသောအချိန်ကာလ) သည်နာမ်၏ဇာတိ၊ နာမ်ပဋိသန္ဓေ နေခြင်းမည်ပါသည်။
(ဘုံဘ၀အလိုက် ပဋိသန္ဓေနေခြင်းအဖြစ်ကို
ပဋိသန္ဓေစိတ်အားဖြင့်စီစစ်ပြခြင်းအား သင်္ဂြိုဟ်နှင့် ၀ီထိပိုင်းများဖြင့် နောက်နောင်ဖော်ပြပါဦးမည်။)
(ပါဋိ) `ကတမာစ ဘိက္ခဝေ………………အယံဝုစ္စတိ ဘိက္ခဝေဇာတိ။´
``ချစ်သားရဟန်းတို့ ၁။ရှေးဦးစွာ ဖြစ်ရခြင်း၊
၂။ပြည်စုံစွာ ဖြစ်ရခြင်း၊ ၃။အမိဝမ်းတွင်း ၀င်သကဲ့သို့ ဖြစ်ရခြင်း၊ ၄။ဘ၀သစ်၌ ဖြစ်ရခြင်း၊
၅။(၀ိပါတ်) နာမက္ခန္ဓာ၊ ကဋတ္တာရုပ်တို့ ထင်ရှားစွာဖြစ်ခြင်း၊ အာယတနတရား (၁၂)ပါးတို့ကို
တဖန်ပြန်ရခြင်း စသောသဘောတို့သည် ဇာတိဖြစ်ပါသည်´´ ဟု ဟောကြား ထားပါသည်။
(၂) ဆိုးရွားဟောင်းမြင်း၊
အိုမင်းရင့်ရော်ခြင်းသည် ဆင်းရဲ၏ (သို့) ဆင်းရဲခြင်း၏ အကြောင်းဖြစ်သည်ဟု ဆိုရာတွင်လည်း
ရုပ်ရင့်ရော်ခြင်း(ရုပ်ဇရာ) နှင့် နာမ်တရားတို့၏ရင့်ရော်ခြင်း(နာမ်ဇရာ)ဟူ၍ (၂)မျိုးရှိသည်။
နိပ္ဖန္နရုပ်(၁၈)ခုတို့၏ အစဦးစွာဖြစ်ပ်ါလာဆဲသော(ဥပါဒ်)
ရုပ်၏ ဇာတိအချိန်အခိုက်အတန့်မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသော အချိန်အခိုက်အတန့်သဘောသည် ရုပ်၏ဇရာမည်၏။
နာမက္ခန္ဓာတရားလေးပါတို့၏ အစဦးစွာဖြစ်ပေါ်လာဆဲသော
(ဥပါဒ်)နာမ်၏ဇာတိ အချိန်အခိုက်အတန့် မှလွန်၍ ရင့်ဆဲ(ဋ္ဌီ)ဟူသော အချိန်အခိုက်အတန့် သဘောသည်
နာမ်၏ဇရာမည်၏
(ပါဋိ) `ကတမာစ ဘိက္ခဝေ………………အယံဝုစ္စတိ ဘိက္ခဝေ ဇရာ။´
``ချစ်သားရဟန်းတို့၊ တည်နေရာဘုံဘ၀တို့၌ ၁။အိုရခြင်း၊
၂။အိုသော အခြင်းအရာ၊ ၃။သွားကြိုးသည့် အခြင်းအရာ၊ ၄။ဆံဖြူသည့် အခြင်းအရာ၊ ၅။အသားအရတွန့်သည့်
အခြင်းအရာ၊ ၆။ဇီဝိနြေ္ဒ တဖြေးဖြေး ဆုတ်ယုတ်ခြင်း၊ ၇။စက္ခုစသော အိနြေ္ဒများ ရင့်ကျက်လာခြင်း
စသောသဘောတို့သည် ဇရာဟူသော အိုမင်းရင့်ရော်ခြင်း ဖြစ်သည်´´ ဟုဟောကြားထားပါသည်။
(အပိုင်း-၃ ဆက်လက်ဖော်ပြပါမည်။)
Friday, July 27, 2012
ဓမ္မစကြာတရားတော်မြန်မာပြန်(အပိုင်း-၁)
ဓမ္မစကြာတရားဒေသနာ(၀ါဆိုလပြည့်အခါ)-၁
ဓမ္မစကြာတရားဒေသနာ(၀ါဆိုလပြည့်အခါ)
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဝါဆိုလပြည့်အခါသမယသည် ဗုဒ္ဓဘာသာဝင်များအတွက်
နေ့ထူးနေ့မြတ် တစ်ရက် ဖြစ်ပါတယ်။ ဒီနေ့မှာဆိုရင် မြတ်ဗုဒ္ဓဘုရားရှင်ဟာ လူနတ်ပရိတ်သက်အလယ်တွင်
တရားဦးဖြစ်သော ဓမ္မစက္ကပ၀တ္တန သုတ်ကို ဟောကြားပြီး စစ်မှန်သောဘုရား ပွင့်ထွန်းလာမှုကို
သိစေခဲ့ပါတယ်။ ဒီဓမ္မစကြာတရားဦးသည် သံသရာစက်ဝန်းမှ ရုန်းထွက်လိုသူများ မပယ်ရှားဘဲ သိရှိလိုက်နာ
ကျင့်သုံးအပ်သော တရားစစ် တရားမှန် ဖြစ်ပေသည်။ ထိုဓမ္မစကြာတရားကို ယနေ့ခေတ် ဗုဒ္ဓဘာသာဝင်
တော်တော်များများ ရွတ်ဆို ပူဇော်နကြပါသည်။ သို့သော်အချို့ပူဇော်သူများသည် ပါဋိဘာသာနှင့်
အနက်အကျဉ်းခန့်သာ သိရှိကြပြီး ဓမ္မစကြာတရား၏ ထူခြားလေးနက်မှုကို ထဲထဲဝင်ဝင် လေ့လာလိုက်နာ
ကျင့်သုံးသူ နည်းပါလှပါသည်။ သို့ဖြစ်၍ မြတ်ဗုဒ္ဓ၏ဓမ္မစကြာတရားကိုသိရှိနားလည်နိုင်ပါရန်
မြန်မာဘာသာဖြင့် ရေးသားဒါန ပြုလိုက်ပါ တယ် ခင်ဗျာ..
ဓမ္မစကြာအမွှန်း(ပါဋိ) ` ဘိက္ခုနံ ပဉ္စ၀ဂ္ဂီနံ………………………………..ဓမ္မစက္ကံ ဘနာမဟေ။´
ဓမ္မစကြာအမွှန်း(မြန်မာပြန်) ``သစ္စာလေးပါးတရားအစဉ်ကို
မျက်ဝါးထင်ထင် သိမြင်စေကြောင်း ကောင်းစွာပြတော်မူသော သုံးလောက၏ ကိုးစားရာအစစ်ဖြစ်သော
မြတ်စွာဘုရား သခင်သည် သဟမ္ပတိ အမည်ရှိသော မြတ်သောဗြဟ္မာမင်း၏ အဖန်ဖန် တောင်းပန်မှုကြောင့်
ဘုရား၊ ရဟန္တာ၊ ပစ္စေကဗုဒ္ဓ၊ အရိယာအရှင်တို့ ကောင်းကင်သို့တတ်ရာ၊ ဆင်းသက်ရာဖြစ်သော ဣသိပတန
အမည်ရှိသော သားငှက် အပေါင်းအား ဘေးမဲ့ပေးရာ၊ သာယာချမ်းမြေဖွယ်ကောင်းသေား မိဂဒါဝုန်တော အတွင်းဝယ်
အရှင်ကောဏ္ဍည၊ အရှင်ဝပ္ပ၊ အရှင်ဘဒ္ဒိယ၊ အရှင်မဟာနာမ်၊ အရှင်အဿဇိ ဟူသော ငါးပါသော ရဟန်းပုဂ္ဂိုလ်တို့အား
နိဗ္ဗာန်သို့ မဂ်ညဏ်ပေါက်၍ ရောက်စေတတ်သော အိမ်မက်တွင်မျှ မကြားရဖူး၊ မနာရဖူး၊ စကားဦးဖြင့်
တရားထူး၊ တရားမြတ်ဖြစ်ပေသော ဓမ္မစကြာသုတ်ဒေသနာ တရားတော်ကို ဟောကြားခဲ့ပါသည်။ သုံးလောကအားလုံး၏
လေးမြတ်ကြည်ညိုရာဖြစ်သော၊ အလုံး စုံသော လောကီ၊ လောကုတ္တရာ၊ ပစ္စုပ္ပန်-သံသရာ ချမ်းသာ၊ ကောင်ကျိုး
အမျိုးမျိုးကို တိုးပွားစေသော ဓမ္မစကြာသုတ်ဒေသနာတော်ကို ရိုသေစွာအားခဲမပြတ် ရွတ်ဖတ်ကြပါကုန်စို့…။´´
ဓမ္မစကြာသုတ်နိသျှ(ပါဋိ) `ဧ၀ံမေသုတတံ၊ ဧကံသမယံ………………ဒုက္ခော၊ အနရိယော၊ အနတ္တသံဟိတော။´
`ဧတေဘိက္ခဝေ………….နိဗ္ဗာနာယ သံဝတ္တတိ။´ `ကတမာစ သာ…………. နိဗ္ဗာနာယ သံဝတ္တတိ။´
``အရှင်ကဿပဘုရား ၊ အကျွန်ုပ် အာနန္ဒာသည် ဘုရားရှင်၏
မျက်မှောက်တော်ထံပါးမှ ဤဓမ္မစကြာ တရားတော်ကို နားဖြင့်ဆက်ဆက် ကြားသိခဲ့ရပါသည်ဘုရား။
ဘိုးတောအဉ္ဇနမင်းကြီ၏ ဖြိုကြွင်းခဲ့သော မဟာသက္ကရာဇ်(၁၀၃)ခုနှစ်၊
ကဆုန်လပြည့်(ဗုဒ္ဓဟူး)နေ့၊ ညဥ့်အာရုံတတ်အချိန်တွင် မဟာဗောဓိပလ္လင်၌ လေးအင်သစ္စာသိမြင်ခါဖြင့်
ဘုရားရှင် ပွင့်ထွန်လာခဲ့ ပါသည်။ ထိုနောက် ပလ္လင်္ကသတ္တာဟ (၇)ရက်၊ အနမိသသတ္တာဟ (၇)ရက်၊ စင်္ကမသတ္တဟ
(၇)ရက်၊ ရတနာဃရသတ္တဟ (၇)ရက်၊ အဇပါလသတ္တဟ (၇)ရက်၊ မုစလိန္ဒာသတ္တဟ (၇)ရက်နှင့် ရာဇာယတန သတ္တဟ
(၇)ရက်ဖြင့် (၇)ရက်(၇)လီ၊ (၄၉)ရက်သတင်းသုံးခဲ့ပြီး ပထမဘုံစံ သဟမ္ပတိအမည်ရှိ မဟာဗြဟ္မာ မင်း၏
လျှောက်ထားတောင်းပန်မှုကို အကြောင်းပြု၍ ဘုရားရှင်ပွင့်ရာ မဟာဗောဓိပင်မှ (၁၈)ယူဇနာ ကွာဝေးသော
ဗာရာဏသီပြည်အနီးရှိ ဣသိပတန အမည်ရှိသော မိဂဒါဝုန်တောသို့ မဟာသက္ကရာဇ် (၁၀၃)ခုနှစ်၊ ၀ါဆိုလပြည့်
(စနေ)နေ့တွင် တပါတည်းနေ့ချင်းရောက် ကြွချီတော်မူခဲ့ပါသည်။ ထိုအခါ အနီး ထံမှောက် ချဉ်းကပ်
ရောက်ရှိလာသော ပဉ္စ၀ဂ္ဂီငါးဦးတို့အား မိန့်ခေါ်၍ ဤသို့ တရားဟောကြားခဲ့ပါသည်။
`အို..ချစ်သားတို့၊
ဖန်ရည်စွန်းသင်္ကန်းဝတ် ရဟန်းတို့သည် ဤပြဆိုလတံ္တ့သော အယုတ်တရား (၂)ပါးကို မမှိဝဲအပ်ချေ။
ထိုတရားတို့မှာ-
(က) ကာမေသု ကာမသုခလ္လိကာနုယောဂ
နှင့် (ခ) အတ္တကိလမထာ နုယောဂ
ဟူသော အယုတ်တရား (၂)ပါးတို့ဖြစ်သည်။
(က) ကာမေသု ကာမသုခလ္လိကာနုယောဂ ဟူသောအယုတ်ရားမှာ- ၀တ္ထုကာမတို့၌ ဆန္ဒ၊ ရာဂ တည်းဟူသော
ကိလေသာကာမနှင့်ယှဉ်သော ချမ်းသာကို အဖန်ဖန်ခံစားခြင်းတည်း ဟုဆိုပါသည်။ ၄င်းအမှုတို့သည်-
(၁)သိမ်ဖျင်း၏၊ (၂)ရွာ၌နေသူ လူတို့၏ပြုအပ်သော ကိစ္စတည်း၊ (၃)ကာမဂုဏ်ကို ခင်တွယ်သော ပုထုဇဉ်တို့၏
အလေ့အကျင့်ဖြစ်၏။ (၄)ကိလေသာကင်းပြီးသော အရိယာတို့ ပြုမူအပ်သော ကိစ္စမဟုတ်။ (၅)ပစ္စုပန်-
သံသရာ ကောင်းကျိုးနှင့်မဆက်ယှဉ်။ ဤမျှ ကောင်းကျိုးမတိုးပွား၊ ပျက်ပြား၊ ဆုတ်ယုတ်ကြောင်းဖြစ်သော
ဤအယုတ်တရားကို ရဟန်းဖြစ်သူသည် မမှီဝဲအပ်ပေ….။
(စကားချပ်)-ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟူသော ဘုံသုံးပါးတွင်ဖြစ်သမျှ၊
ရှိသမျှ အလုံးစုံသောအဆင်း၊ အသံ၊ အနံ၊ အရာသာ၊ အတွေ့အထိဟူသော အာရုံငါးပါး၊ ရုပ်တရားတို့သည်
စိတ်၊ စေတသိက်တို့၏ အာရုံဖြစ်၍ အထည်ဒြပ်ရှိခြင်းကြောင့် ၀တ္ထုဟုခေါ်ရ၏။ ထိုဝတ္ထုဖြစ်သော
ရုပ်တရားတို့သည် အလိုရှိအပ်၊ နှစ်သက် အပ်သော သဘောကြောင့် ကာမ မည်ပါသည်။ ထိုသတ္တိနှစ်ပါးကြောင့်
ဝတ္ထုကာမ ဟုဆိုပါသည်။
(၁)ကာမ=အလိုရှိအပ်၊နှစ်သက်အပ်သောသဘော(လောဘ+ဆန္ဒ)၊
(၂)သုခ=အာရုံ၏သဘောကိုခံစားခြင်း(ဝေဒနာ)၊ (၃)အလ္လိက=တွယ်တာညိကပ်ခြင်း(လောဘ+ဆန္ဒ)၊ (၄)အနုယောဂ=အဖန်တလဲလဲယှဉ်ခြင်း(အားထုတ်ခြင်း)လောဘအဖန်ဖန်ပွားခြင်း။
(အကျယ်ကိုနောက်မှရေးသားဖော်ပြပါဦးမည်။)
(ခ)အတ္တကိလမထာ နုယောဂ ဟူသောအယုတ်တရားမှာ- ဆူးညှောင့်ကိုမှီအိပ်ခြင်း၊ မီးအပူခံခြင်း
စသောဆင်းရဲကို ဆောင်တတ်သော၊ အရိယာအကျင့် မဟုတ်သော၊ တိတ္ထိတို၏ အကျင့်ဖြစ်သော ၊ စီးပွား
ချမ်းသာခြင်းမရှိ၊ မိမိကိုယ်၏ ပင်ပန်ခြင်းကို အဖန်ဖန်ဖြစ်စေသော အကျင့် တိုသည် ရဟန်းဖြစ်သောသူတို့သည်
မမှီဝဲအပ်ပေ…။
(၁)အတ္တ=မိမိကိုယ်ကို၊
(၂)ကိလမထ=ပင်ပန်းခြင်း၊
(၃)အနုယောဂ=အဖန်ဖန်ဖြစ်စေသောအကျင့်။
ထိုသို့တဏှာလောဘနှင့်ယှဉ်သော အယုတ်တရားနှင့်
ဒေါသနှင့်ယှဉ်သော အယုတ်တရား(၂)ပါးကို ဖယ်ရှောင်၍ အလယ်အလတ်ဖြစ်သော (သို့) အယုတ်တရား
(၂)ပါးမှလွတ်သော (သို့) နိဗ္ဗာန်၏အကျိုးငှာ သံသရာမှ လွတ်မြောက်လိုသူတို့ ကျင့်သုံးရမည့်တရား
(မဂ္ဂင်တရား)မှန်ကို ဘုရားရှင်သည် ကိုယ်ပိုင် ညဏ်ဖြင့် သိခဲ့လေပြီ..။ မဇ္ဈိမာပဋိပဒါ=မဂ္ဂင်(၈)ပါးကိုဆိုလိုသည်။
(မဇ္ဈိမာ= အလယ်အလတ်၊ လောဘနှင့်ဒေါသ မယှက်။ ပဋိပဒါ=ပွားများကျင့်သုံးခြင်း)
(မဇ္ဈိမာ= အလယ်အလတ်၊ လောဘနှင့်ဒေါသ မယှက်။ ပဋိပဒါ=ပွားများကျင့်သုံးခြင်း)
ထိုမဂ္ဂင်(၈)ပါးသည် - (၁)သစ္စာလေးပါကိုသိမြင်ရာ၌
အကြီးအမှုးဖြစ်သော ပညာမျက်စိကိုပေး၏။ (၂)သစ္စာညဏ်ကို ပေး၏။ (၃)ကိလေသာ အပူများ ငြိမ်း၏။
(၄)သစ္စာတရားကို ထူသောညဏ်ဖြင့် သိရ၏။ (၅)မဂ်ဆိုက်ရောက်ခြင်း ဖြစ်၏။ (၆)ခန္ဓာငါးပါးအားလုံး
အကြွင်းမရှိ၊ နိဗ္ဗာန်အကျိုးငှာ ဖြစ်၏ဟု ဘုရားရှင် ချီးမွမ်းခဲ့ပါသည်။
ဘုရားရှင်သည် `အို..ချစ်သားတို့.. ငါဘုရားရှင်သည်
အရဟတ္တမဂ်ညဏ်ဖြင့် ကိလေသာတိုကိုဖယ်၍ သဗ္ဗညုတညဏ်ဖြင့် သိအပ်သော၊ သစ္စာလေးပါကို မြင်တတ်သော၊
ပညာမျက်စိ ကို ပြုတတ်သော၊ အလယ်အလတ်ဖြစ်သော အကျင့်သည် (၁)ကိလေသာငြိမ်းခြင်း (နိဗ္ဗာန်)
အကျိုးဖြစ်၏။ (၂)သစ္စာလေးပါးကို ထူးသောညဏ်ဖြင့်သိ၏။ (၃)သစ္စာလေးပါးကို ကောင်းစွာသိခြင်း
ဖြစ်၏။ (၄)ခန္ဓာ အကြွင်းအကျန် မရှိ ဟူသော နိဗ္ဗာန်အကျိုး ဖြစ်၏။
ထိုအလယ်အလတ်ဖြစ်သော အကျင့်မှာ မြတ်သောအင်္ဂါရှစ်ပါးနှင့်ပြည့်စုံသော
(မဂ်) ဖြစ်ပါသည်။ ၄င်းမှာ-
(၁)ကောင်းစွာသိမြင်ခြင်း
(၂)ကောင်းစွာကြံစည်ခြင်း
(၃)ကောင်းစွာပြောဆိုခြင်း
(၄)ကောင်းစွာပြုကျင့်ခြင်း
(၅)ကောင်းစွာအသက်မွေးခြင်း
(၆)ကောင်းစွာအားထုတ်ခြင်း
(၇)ကောင်းစွာအောက်မေ့ခြင်း
(၈)ကောင်းစွာတည်ကြည်ခြင်း
တို့ဖြစ်၏´ဟုဟောတော်မူခဲ့ပါသည်။
ဤမျှသောစကားဖြင့် အယုတ်တရားနှစ်ပါးကို ကျဉ်ခြင်း နှင့် မဇ္ဈိမာပဋိပဒါ ဟူသောအကျင့် ကို ဟောတော်မူခြင်း ပြီးပါပြီ။ ထိုမှတဆင့် အရိယာမဂ်၏
အာရုံဖြစ်သော သစ္စာလေးပါးတရားကို အစဉ်အတိုင်း ဟောတော်မူခဲ့ပါသည်။
(အပိုင်း-၂)ဆက်တင်ပါမည်။
Saturday, July 21, 2012
ကျောက်ဆည်နယ်ကတမုဒ်ရှင်ဘုရား
ယခုပင်လျှင်
မအိုခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့….
ယခုပင်လျှင်
မနာခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့….
ယခုပင်လျှင်
မသေခင်က ကြိုတင်ကောင်းမှု ကြိုးစားပြုလော့….
Subscribe to:
Posts (Atom)